မိုဘိုင်းမှာ အသံ/ဗီဒီယိုကို ဘယ်လို ကြည့်ရှု နားဆင်နိုင်ပါသလဲ

  • 8 ဇန်နဝါရီ 2014

ဘီဘီစီ အစီအစဉ်တွေကို အရုပ် အသံနဲ့ ကြည့်ရှု နားဆင်လိုရင် ကြည့်နိုင်တဲ့ မိုဘိုင်းဟန်းဆက် အမျိုးအစားလိုပါတယ်။ ဒေတာတွေကို လက်ခံရယူနိုင်ဖို့ ဖုန်းဆင်းမ်ကဒ်ကလည်း အလုပ်လုပ်ရပါမယ်။ အသေးစိတ်သိလိုရင်တော့ ကိုယ်ယူထားတဲ့ ဖုန်းကဒ်/ဖုန်းလိုင်း ကုမ္ပဏီကို ဆက်သွယ် စုံစမ်းပါ။

ဘီဘီစီမြန်မာပိုင်းက ဘယ်လိုဖိုင် အမျိုးအစားတွေ နဲ့ အရုပ်နဲ့ အသံတွေ တင်ပေးပါသလဲ။

3gp, mp4, mp3 ဖိုင် အမျိုးအစားတွေကို ဘီဘီစီ မိုဘိုင်း ဆိုက်မှာ တင်ပေးပါတယ်။

ဘီဘီစီရဲ့ အရုပ် အသံတွေကို ကြည့်ရှု နားဆင်ဖို့ ငွေ ဘယ်လောက်ပေးရမှာပါလဲ။

ဘီဘီစီက အခကြေးငွေ တစုံတရာ မကောက်ခံပါ။ ဒါပေမယ့် ကိုယ် အသုံးပြုတဲ့ ဖုန်း ကုမ္ပဏီကတော့ ကိုယ်သုံးစွဲတဲ့ ဒေတာ ပမာဏပေါ်မှာ ငွေကြေးကောက်ခံရယူတာ ရှိနိုင်ပါတယ်။ အဲဒီ လို ကောက်ခံမယ့် နှုန်းကို သိလိုရင်တော့ တယ်လီဖုန်း ကုမ္ပဏီကို ဆက်သွယ် စုံစမ်းပါ။

ဘီဘီစီရဲ့ ရုပ်သံ အစီအစဉ်တွေကို ကြည့်ရှုနားဆင်ရာမှာ အသုံးပြုရတဲ့ ဒေတာ အတွက် တခြားကုမ္ပဏီက ကောက်ခံတဲ့ ငွေကြေးက ဘီဘီစီနဲ့ မပတ်သက်သလို ဘီဘီစီမှာလည်း တာဝန်ရှိမည် မဟုတ်ပါ။

ကုန်ကျနိုင်မယ့် ငွေကြေးပမာဏကို ဘယ်လို ကန့်သတ်လို့ ရနိုင်ပါသလဲ။

ဗီဒီယို ဖိုင်တခုကို ဒေါင်းလုပ် လုပ်ရာမှာ ကုန်ကျမယ့် စရိတ်ကို နည်းစေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

- အွန်လိုင်းဆိုက်ကို သွားပြီး ဗီဒီယိုကို အဲဒီမှာ ကြည့်ပါ။ မိုဘိုင်းမှာ တင်ပေးတဲ့ ဗီဒီယိုတွေ အွန်လိုင်းဆိုက်မှာလည်း ရှိတတ်ပါတယ်။

- ကိုယ်ယူတဲ့ ဖုန်း ကုမ္ပဏီမှာ Data bundle ယူလို့ရနိုင်ပါတယ်။ လစဉ်ကြေးနဲ့ ဒါမှ မဟုတ် တနေ့စာ ပုတ်ပြတ် နှုန်းနဲ့ ယူထားရင် ဗီဒီယိုတွေ ဒေါင်းလုပ်လုပ်လို့ ကုန်ကျမယ့် ဒေတာတွေ တခုချင်းအတွက် ပေးရမယ့် နှုန်းထက် နည်းတတ်ပါတယ်။ အထူးသဖြင့် ကိုယ်က အင်တာနက်က အများကြီး ဒေါင်းလုပ်လုပ်တတ်သူဆိုရင် ဒီနည်းကို စဉ်းစားသင့်ပါတယ်။ ကိုယ့် တယ်လီဖုန်း ကုမ္ပဏီမှာ စုံစမ်းကြည့်ပါ။

- Wi-fi သုံးပါ။ မိုဘိုင်းဖုန်း အများစုဟာ အခုဆို wi-fi ပါပြီးသား ဖြစ်ကြပါတယ်။ ကိုယ့်အိမ်က မြန်နှုန်းမြင့် ဝိုင်ယာလက်စ် အင်တာနက်ကနေ ဖြစ်ဖြစ်၊ လမ်းမှာ ဝိုင်ယာလက်စ် မိနိုင်တဲ့ နေရာတွေက ဖြစ်ဖြစ် ဘီဘီစီ မိုဘိုင်းဆိုက်ကို ဝင်ကြည့်တာက ကုန်ကျစရိတ် သက်သာပါတယ်။ ကိုယ့်ဖုန်းမှာ ဝိုင်ယာလက်စ် အသင့် ပါမပါကိုတော့ ဖုန်းထုတ်တဲ့ ကုမ္ပဏီမှာ စုံစမ်းပါ။

- Bluetooth ကို သုံးပြီး ဗီဒီယို ကလစ်တွေကို မိုဘိုင်း အချင်းချင်းလည်း မျှဝေပေးနိုင်ပါတယ်။ ဘီဘီစီ မိုဘိုင်းဆိုက်ပေါ်က တချို့ ဗီဒီယိုတွေက lock လုပ်မထားလို့ တယောက်နဲ့ တယောက် ပို့ပေးလို့ရပါတယ်။

ဖိုင်တဖိုင်ကို ဒေါင်းလုပ်လုပ်ဖို့ ဘယ်လောက်ကြာပါသလဲ။

ဒါကတော့ ကိုယ့်ဖုန်းရဲ့ အင်တာနက် ချိတ်ဆက်မှု မြန်နှုန်းပေါ် မူတည်ပါတယ်။ 3G နဲ့ဆို ဖိုင် အတိုလေးတခုကို တမိနစ် နှစ်မိနစ်နဲ့ ဒေါင်းလုပ် လုပ်နိုင်ပြီး wi-fi နဲ့ဆို နည်းနည်း ပိုမြန်တတ်ပါတယ်။ ရှည်လျားပြီး ဖိုင် ဆိုက်ကြီးတဲ့ ဖိုင်တွေဆိုရင်တော့ ပိုကြာတတ်ပါတယ်။

အသံ ကွာလီတီကို ပိုကောင်းအောင် လုပ်လို့ရပါသလား။

စပီကာတွဲပါပြီးသား ဖုန်းတချို့မှာ အသံအရည်အသွေးကို လျှော့ထားတတ်ပါတယ်။ နားကြပ်သုံးပြီး နားထောင်ကြည့်ပါ။

ဘီဘီစီ မြန်မာပိုင်းရဲ့ ရေဒီယို အစီအစဉ်တွေကို အသံလွှင့်နေချိန်မှာ မိုဘိုင်းက တိုက်ရိုက်နားထောင်လို့ရပါသလား။

အခုလောလောဆယ်မှာတော့ မိုဘိုင်းကနေ တိုက်ရိုက် နားထောင်လို့ မရနိုင်သေးပါ။