ရုရှလေယာဉ်မှူး အလောင်းကို တူရကီ ကပြန်ပို့ဖို့ စီစဉ်

  • 29 နိုဝင်ဘာ 2015
Image caption ရုရှလေယာဉ်မှူး အလောင်းကို တူရကီ ပြန်ပို့ဖို့ စီစဉ်

တူရကီ နိုင်ငံက ပစ်ချခဲ့တဲ့ ရုရှ လေယာဉ်မှူး တစ်ဦးရဲ့ ရုပ် အလောင်းကို ရှာဖွေ တွေ့ရှိခဲ့ပြီး ရုရှ နိုင်ငံကို ပြန်ပို့ဖို့ တူရကီ က စီစဉ် ဆောင်ရွက်နေပါတယ်။

တူရကီ ဝန်ကြီးချုပ် အာမက် ဒေဗိုတော်လူး က တူရကီ လေကြောင်း ပိုင်နက် ထဲကို ဝင်ရောက်ခဲ့တဲ့ လေယာဉ်မှူး ရဲ့ အလောင်းကို ဆီးရီးယား နိုင်ငံက နေ ပြန်လည် သယ်ဆောင် နိုင်ခဲ့ကြောင်း ပြောကြားပါတယ်။

အိုသိုဒေါ့စ် ဘာသာဝင် လေယာဉ်မှူး အတွက် ဘာသာရေး ထုံးတမ်း စဉ်လာနဲ့ အညီ ဆုတောင်း ပေးမှုကိုလည်း တူရကီဘက် က ဆောင်ရွက်ခဲ့ပါတယ်။

ရုရှ လေယာဉ်မှူးဟာ လေယာဉ်ကနေ ခုန်ထွက်ပြီး လေထီး နဲ့ ဆင်းသက်ခဲ့ချိန်မှာ ဆီးရီးယား နိုင်ငံက သူပုန် အဖွဲ့တွေရဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် သေဆုံး ခဲ့ရပြီး ဒုတိယမြောက် လေယာဉ်မှူးကိုတော့ ကယ်တင် နိုင်ခဲ့ပါတယ်။

အဆိုပါ အဖြစ်အပျက် တွေကြောင့် ရုရှနဲ့ တူရကီ နိုင်ငံတို့ အကြား ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်နေပြီး ရုရှ ဘက်က လက်တုံ့ပြန်တဲ့ အနေနဲ့ တူရကီ နိုင်ငံကို စီးပွားရေး အရပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ