ည ၈ နာရီမှ စတင် ပြောင်းလဲ ထုတ်လွှင့်မည်

ဘီဘီစီ မြန်မာပိုင်းရဲ့ နွေရာသီ အသံလွှင့် အစီအစဉ်တွေကို လာမယ့် မတ်လ ၂၇ ရက်၊ တနင်္ဂနွေနေ့က စပြီး ည ၈ နာရီ ၁၅ မိနစ် အစား ည ၈ နာရီ ကနေ စတင် ပြောင်းလဲ ထုတ်လွှင့် ပေးသွားမှာ ဖြစ်ပါတယ်။

နွေရာသီ အသံလွှင့် မီတာလှိုင်းတွေကိုလည်း အောက်ပါအတိုင်း ပြောင်းလဲ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ည ၈ နာရီ ကနေ ၈ နာရီ ၄၅ မိနစ် အထိ ထုတ်လွှင့်မှုတွေကို

လှိုင်းတို မီတာ ၄၁၊ ကီလိုဟာ့ဇ် ၇၄၈၅

လှိုင်းတို မီတာ ၃၁၊ ကီလိုဟာ့ဇ် ၉၅၈၅

လှိုင်းတို မီတာ ၂၅ မီတာ၊ ကီလိုဟာ့ဇ် ၁၁၉၄၅

တို့ကနေ ဖမ်းယူ နားဆင် နိုင်ကြပါတယ်။

ည ၈ နာရီ ၄၅ မိနစ် ကနေ ၉ နာရီခွဲ အထိ ထပ်ဆင့် ထုတ်လွှင့်မှုတွေကိုတော့

လှိုင်းတို မီတာ ၄၁၊ ကီလိုဟာ့ဇ် ၇၄၈၅

လှိုင်းတို မီတာ ၂၅၊ ကီလိုဟာ့ဇ် ၁၁၉၄၅

တို့ကနေ ဖမ်းယူ နားဆင်နိုင်ကြပါတယ်။

ဘီဘီစီကို နားထောင်နိုင်တဲ့နည်းလမ်းတွေ

ဘီဘီစီကို ပြည်တွင်း သောတရှင်အများစုက လှိုင်းတိုရေဒီယိုကတဆင့် ဖမ်းယူနားဆင်ကြသလို၊ အင်တာနက် ဝက်ဘ်ဆိုဒ်ကလည်း ဝင်ရောက် ကြည့်ရှု နားဆင် နိုင်ပါတယ်။ ပြောင်းလဲလာနေတဲ့ ခေတ်သစ် နည်းပညာတွေနဲ့ အတူ ဘီဘီစီအစီအစဉ်တွေကို RSS Feed၊ Podcasts တွေနဲ့လဲ ရယူနားဆင်နိုင်ကြပြီ ဖြစ်ပါတယ်။

ဘီဘီစီရဲ့ နေ့စဉ်ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်တွေကိုလည်း အီးမေးလ် သတင်းလွှာ အဖြစ် မှာယူသူတွေ ဆီကို ပို့ပေးနေပါတယ်။

ဒီနေရာ ကို နှိပ်ပြီး သတင်းလွှာ မှာယူ နိုင်ပါတယ်။

ဘီဘီစီ Facebook မှာလည်း သွားရောက် ကြည့်ရှု နိုင်ကြပါတယ်။