သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တပ်ဖွဲ့ဝင်တွေရဲ့ စုဆောင်းငွေ ဘာကြောင့် ပြန်မပေးနိုင်တာလဲ

  • 11 ဩဂုတ် 2010

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တပ်ရင်းတချို့မှာ တပ်ဖွဲ့ဝင်တွေရဲ့ ချွေးနည်းစာ စုဆောင်းငွေတွေ ထုတ်မရလို့ မကျေမနပ်ဖြစ်နေကြတဲ့အသံတွေ လောလောဆယ်ကြားလာနေရပေမဲ့ ဖြေရှင်းပေးတာ မရှိသေးပါဘူး၊

ဒီလို ချွေးနည်းစာ စုဆောင်းငွေတွေကို တာဝန်ရှိသူတွေက ထုတ်မပေးတာ၊

လက်အောက်ငယ်သားတွေရဲ့ သက်သာချောင်ချိရေးကို ဖြေရှင်းမပေးတာ ဘာကြောင့်လဲ၊

ဒီကိစ္စဟာ တပ်တွင်း ညီညွတ်ရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

သောတရှင်တို့ ထင်မြင်ယူဆချက်တွေနဲ့ အတွေ့အကြုံတွေကို ပါဝင်ဆွေးနွေးခဲ့ကြတာကို နားဆင်နိုင်ကြပါတယ်။

Email နဲ့ ပေးပို့ဆွေးနွေးသူများ

တလတလ စစ်အသုံးစရိတ်ကြီးမြင့်မှုကြောင့် စစ်သားတွေရဲ့ လစာငွေတွေကို တခြားစစ်အသုံးစရိတ်အတွက် ယူသုံးထားတာပါ၊

ပြန်ပေးဖို့ အစီအစဉ်ရှိရင် မပေးနိုင်စရာ အကြောင်းမရှိပါ၊

ရဲမွန်ရဲဘော်တွေရဲ့ တောင်းဆိုချက်ကို နအဖက လိုက်လျောလိုက်ရင် တခြားတပ်တွေကလည်း ထတောင်းဆိုမှာကို နအဖက အရမ်းစိုးရိမ်ပါတယ်။

ညီခဝေ (Perth, Australia)

သူတို့က ရဲဘော်တွေရဲ့ လစာငွေတွေကို နေပြည်တော် ဖူးခက်လေကြောင်းလိုင်းမှာ စီပွားရေး ရင်နှီးမြှပ်နှံထားတယ်။

ဒါကြောင့် ပြန်မပေးနိုင်တာ။

အဒါး (လှိုင်းဘွဲ့မြို့နယ်)

စစ်အစိုးရက တပ်သားတွေရဲ့ စုငွေတွေကို သူတို့ အကျိုးအမြတ်အတွက် သုံးနေတယ်၊

သူတို့ ကိုယ်ကျိုးရွေးကောက်ပွဲဝင်မယ့် ကြံ့ဖွံ့လို ပါတီအတွက် သုံးနေတယ်။

ကိုကို ( ရမ်းဗြဲ) USA

စုငွေတွေကို အထက်အရာရှိတွေက အလွဲသုံးစားလုပ်ထားတာမို့ အစိုးရက ထုတ်ပြောဖို့ ခက်နေတာပါ။

ကိုအောင်မောင်း (Africa)