နောက်ဆုံး ရေးသားချိန် 15 သြဂုတ်လ 2010 - 19:58 GMT

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဘယ်လိုအခြေအနေတွေ ရှိသင့်လဲ၊

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာလိုက်ပါပြီ။

ဒါပေမယ့် လောလောဆယ် အခြေအနေအရ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကတောင် သူတို့ လွတ်လွတ် လပ်လပ် စည်းရုံးခွင့်မရှိဘူး၊

အကန့်အသတ်တွေရှိနေတယ်လို့ ပြောနေကြပါတယ်။

ဒီတော့ သောတရှင်များအနေနဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ဘယ်လို အခြေအနေတွေ ရှိသင့်တယ်လို့ ယူဆကြပါသလဲ။

သောတရှင်တို့ရဲ့ အမြင် အတွေးတွေကို လာမယ့် နိုဝင်ဘာလ ၁၈ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့

ဖိတ်ခေါ်အပ်ပါတယ်။

ဘီဘီစီကို စာနဲ့ဖြစ်စေ emailနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ကြပါတယ်။

တယ်လီဖုန်းနံပတ်က ၀၀၄၄၂၀၇၅၅၇၁၇၆၄ ကိုဆက်သွယ်ပြီး မိမိပြောချင်တာကို အသံသွင်းထားခဲ့နိုင်ပါတယ်။ ကိုယ်ရဲ့တယ်လီဖုန်းနံပတ်ကို ပြောထားခဲ့ရင် ဘီဘီစီကပြန်လည်ဆက်သွယ်မှာ ဖြစ်ပါတယ်။

အောက်ပါဖေါင်ကိုဖြည့်ပြီးတော့လည်း ပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။