သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပြည်သူတွေရဲ့ အသက်အိုးအိမ် လုံခြုံဖို့ ဘယ်သူ့ကို အားကိုးရမလဲ

  • 8 စက်တင်ဘာ 2010

ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲခူးမှာ စစ်သားနဲ့ အရပ်သား ရန်ဖြစ်ရာက စစ်သားက သေနတ်နဲ့ပစ်လို့ လူငယ် ၂ ဦးသေဆုံးခဲ့ပါတယ်။

ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို အကာအကွယ်ပေးဖို့ ရည်ရွယ်ဖွဲ့စည်း ထားတဲ့ စစ်တပ်က အခုလို လူထုရဲ့ အသက်ကို အလွယ်တကူ ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့်

ပြည်သူတွေအနေနဲ့ အသက်အိုးအိမ် လုံခြုံမှုအတွက် ဘယ်သူကို အားကိုးအားထား ပြုရမလဲ၊

ဒီလိုမျိုး စစ်တပ်က ကျူးလွန်တဲ့ ပြစ်မှုမျိုးတွေကို ဥပဒေအတိုင်း တရားမျှတစွာ အရေးယူနိုင်အောင် ဘယ်လို ဆောင်ရွက်နိုင်မလဲ။

စက်တင်ဘာလ ၈ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တို့ ဆွေးနွေးခဲ့ကြတာကို နားဆင်နိုင်ကြပါတယ်။

သောတရှင်တွေနဲ့အတူ မြနမာနိုင်ငံတွင်းက ဥပဒေပညာရှင် ဦးအောင်သိန်း၊ စစ်တပ် အရာရှိဟောင်း ဦးအောင်ဆက်ပိုင်တို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။