ပါတီတွေ လူထုကြား ဘယ်လို မဲဆွယ်မလဲ

  • 23 စက်တင်ဘာ 2010
u yan kyaw
Image caption လူထုကြား ကိုယ်ပေးချင်တဲ့ သတင်းစကား ပျံ့နှံ့အောင် ဘယ်လို မဲဆွယ်မလဲ

အစိုးရ ရေဒီယိုနဲ့ တီဗီမှာ ၁၅ မိနစ်စာ အချိန်အတွင်း ကန့်သတ်မှုတွေကြားထဲ နိုင်ငံရေးပါတီတွေ လူထုကို သူတို့ မူဝါဒတွေ ဘယ်လို ချပြလို့ မဲဆွယ်ကြမလဲ၊ ဘယ်လောက် ပြောဆို စည်းရုံးနိုင်မလဲ။

တကယ့်လူထုကြား ပါတီမူဝါဒတွေ ရောက်ရှိနိုင်အောင်၊ ပြည်သူတွေသိအောင် ဘယ်လို နည်းတွေနဲ့ မဲဆွယ်နိုင်မလဲ

လာမယ့် ဗုဒ္ဓဟူးည စက်တင်ဘာလ ၂၉ ရက် မှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တွေ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ပါဝင်ဆွေးနွေးလိုတဲ့ သောတရှင်တွေ burmese@bbc.co.uk ကို အချိန်မီ ဆက်သွယ်နိုင် ပါတယ်၊ တယ်လီဖုန်းနံပါတ် ၀၀ ၄၄ ၂၀ ၇၅၅၇ ၁၇၆၄ ကိုလည်း ဆက်သွယ်ပြီး မတ်ဆေ့ဂျ် ပို့ထားနိုင်ပါတယ်။