သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်အဝင် မြန်မာ ဘာဖြစ်သလဲ

  • 6 အောက်တိုဘာ 2010
Image caption တရုတ်ကြီးကတော့ တဖြည်းဖြည်း တိုးဝင်လာ နေပြီ၊ ပြည်သူတွေ ကျန်းမာချမ်းသာပါရဲ့လား

နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးအဖွဲ့ ICG ရဲ့ မကြာမီက ထုတ်ပြန်တဲ့ အစီရင်ခံစာ ထဲမှာ တရုတ်ရဲ့ ပုံရိပ်ဟာ မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ အနေအထားကို ရောက်လာနေ ပါတယ်၊ တရုတ်စီးပွားရေးရော တရုတ် တွေပါ တိုးဝင်လာလို့ မြန်မာတိုင်းရင်းသား တွေရဲ့ မကျေနပ်မှုတွေ တိုးပွားလာနေတယ် လို့ ဆိုပါတယ်။

တကယ်ပဲ မကျေနပ်မှုတွေ များပြားလာနေပါ သလား။ မရွှေမိ

တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တရုတ်တွေ ထိုးဝင်လာမှုက မြန်မာတွေအတွက် ကောင်းကျိုး တွေကော မရှိနိုင်ဘူးလား၊ စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) နဲ့ မန္တလေး ရောက်နေတဲ့ NLD လူငယ်ဖော်ဆောင်ရေးတာဝန်ခံ ၂ ကိုလှဦးတို့က သောတရှင်တွေနဲ့အတူ ပါဝင်ဆွေးနွေးထားကြပါတယ်။