ဘာကြောင့် ပေးမှာလဲ၊ မပေးမှာလဲ

  • 8 အောက်တိုဘာ 2010

စစ်အစိုးရနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြတဲ့ ဒီမိုကရက်တစ် ပါတီတွေက ပြည်သူတွေကို မဲပေးကြဖို့ သတင်းစာ ဆောင်းပါးတွေ ရေးသလို၊ လက်တွေ့ ကွင်းဆင်းလို့ မဲဆွယ် စည်းရုံးနေကြပါတယ်။

Image caption မဲလက်မှတ်နမူနာပုံစံ

NLD ပါတီအပါအဝင် ဒီမိုကရေစီ ဘက်တော်သားတွေကတော့ စစ်အစိုးရကို တရားဝင် အစိုးရဖြစ်အောင် အတည်ပြုမယ့်ပွဲမို့ ပြည်သူတွေ မဲမပေးကြဖို့ ပြောဆို တိုက်တွန်း နေပါတယ်။

သောတရှင်များ မဲဆန္ဒရှင်တွေကရော လာမယ့် နိုဝင်ဘာ ၇ ရွေးကောက်ပွဲမှာ မဲပေးမှာလား၊ မပေးဘူးလား။

ဘာကြောင့် ပေးမှာလဲ၊ ဘာကြောင့် မပေးမှာလဲ။

လာမယ့် ဗုဒ္ဓဟူးည အောက်တိုဘာလ ၁၃ ရက်မှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ဒီအကြောင်းကို ဆွေးနွေးကြဖို့ စီစဉ်ထားတာမို့ သောတရှင်တွေ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

ပါဝင်ဆွေးနွေးလိုတဲ့ သောတရှင်တွေ ဘီဘီစီကို ကြိုတင် ဆက်သွယ်နိုင်ကြပါတယ်၊ burmese@bbc.co.uk ကို အီးမေးလ်ရေး ဆက်သွယ်နိုင်သလို ဖုန်းနံပါတ် ၀၀ ၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကို ဆက်သွယ်ပြီး ပြောဆိုချင်တာကို ခပ်တိုတို အသံသွင်းထား နိုင်ပါတယ်။