သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လာဘ်ပေး လာဘ်ယူတာ ပြသနာလား

  • 8 ဒီဇင်ဘာ 2010

ပေးနိုင်ကမ်းနိုင်ရင် ဘာမဆို ဖြစ်နိုင်တယ်လို့ လူအများကြားမှာ ပြောဆိုသံတွေ မကြာမကြာကြားရပါတယ်။

ဒီလို လာဘ်ပေးလာဘ်ယူတာဟာ ပြသနာလား။

သောတရှင်တို့ကော ဘယ်လို မြင်ပါသလဲ။

သောတရှင်တို့ရဲ့ အတွေ့အကြုံ တွေကို ဒီဇင်ဘာလ ၈ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး အစီအစဉ်မှာ မျှဝေ ဆွေးနွေးခဲ့ကြရာမှာ သောတရှင်တွေနဲ့အတူ

စီးပွားရေး၊နိုင်ငံရေး၊ စီမံခန့်ခွဲရေး ဆိုင်ရာ စာပေတွေ ရေးသားနေသူ၊ အငြိမ်းစား ပြည်တွင်းအခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးဟန်ထွန်းလဲ ပါဝင် ဆွေးနွေး ခဲ့ကြပါတယ်။

ဒီအစီအစဉ်ကို နားဆင်ပြီး တခုခု ပြောချင်ရင် ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်းနံပတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။