သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လူမှု အဖွဲ့အစည်းတွေ ဘယ်လောက် လူထုအကျိုး ဆောင်ရွက်နိုင်မလဲ

  • 22 ဒီဇင်ဘာ 2010

မြန်မာနိုင်ငံတွင်းမှာရှိတဲ့ Civil Society အရပ်သား လူမှု အဖွဲ့အစည်းတချို့က သူတို့ လုပ်ချင်တဲ့ လူမှုရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့ အတွက် အစိုးရကို ဝေဖန် ထောက်ပြတာတွေ မလုပ်ဘဲ အစိုးရချထားတဲ့ ဘောင်အတွင်းကပဲ လုပ်သင့်တယ်လို့ ပြောကြပါတယ်။

ဒီတော့ အရပ်သား လူမှု အဖွဲ့အစည်းတွေအနေနဲ့ ဒီလို အစိုးရ ရဲ့ လုပ်ခွင့်ပေးတဲ့ ဘောင်အောက်မှာ ဘယ်လောက်ကျယ်ကျယ်ပြန့် ပြန့် လူထု အကျိုး ဆောင်ရွက်နိုင်မယ်လို့ သောတရှင်တွေ ယူဆပါသလဲ

အရပ်သားအဖွဲ့အစည်းတွအနေနဲ့ ဘယ်လို လှုပ်ရှားဆောင်ရွက်သင့်တယ်လို့ ထင်ပါသလဲ

သောတရှင်တွေ ဒီဇင်ဘာလ ၂၂ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး အစီအစဉ်မှာ ဆွေးနွေးခဲ့ကြတာကို နားဆင်နိုင်ကြပါတယ်။

နားထောင်ပြီး တခုခု ပြောလို အကြံပြုလိုတယ်ဆိုရင် ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်းနံပတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ဖေါ်ပြပါအကွက်တွေကို ဖြည့်ပြီးလဲ ပို့နိုင်ပါတယ်။