လွှတ်တော်အမတ်တွေက ဘာလုပ်ပေးစေချင်သလဲ

  • 7 ဇန်နဝါရီ 2011

မြန်မာနိုင်ငံမှာ အငြင်းပွားဖွယ်ရာတွေနဲ့ ပြီးဆုံးသွားခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ အပြီး ပါလီမန်စနစ်ဟာ လာမယ့်ရက်ပိုင်းအတွင်း အသက်ဝင်တော့မှာ ဖြစ်ပါတယ်။

Image caption ပြည်သူတွေအတွက် ပါလီမန်အမတ်တွေက ဘာတွေ လုပ်ပေးကြမှာလဲ

မဲဆန္ဒရှင် ပြည်သူတွေဖြစ်တဲ့ သောတရှင်တွေ အနေနဲ့ ဒီလွှတ်တော်တွေထဲ ရောက်လာ တော့မယ့် လွှတ်တော်ကိုယ်စားလှယ်တွေက ဘာတွေ လုပ်ပေးစေချင်ပါသလဲ။

သူတို့က ဘာတွေ လုပ်ပေးနိုင်မယ်လို့ကော မျှော်လင့် ထားပါသလဲ။

လာမဲ့ ဇန်နဝါရီလ ၁၂ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးအစီအစဉ်မှာ မျှဝေ ဆွေးနွေးပေးဖို့ သောတရှင်တွေကို ဖိတ်ခေါ် အပ်ပါတယ်။ ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ် နိုင်သလို တယ်လီဖုန်းနဲ့ ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကို ဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။