သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လူ​ငယ်​စစ်ဗိုလ်အမတ်​တွေ ပါ​တာ​ကောင်းသလား

  • 26 ဇန်နဝါရီ 2011

ဇန်နဝါရီလ ၃၁ ရက်နေ့မှာ စတင် ကျင်းပမယ့် လွှတ်တော်တွေမှာ ပါလာမယ့် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဖြစ်တဲ့ စစ်ဗိုလ်ပါလီမန်အမတ်တွေဟာ ဗိုလ်ကြီး/ဗိုလ်မှူးတွေဖြစ်တဲ့ လူငယ်/လူလတ်တွေဖြစ်နေတာမို့ ဒီလိုလူငယ်/ လူလတ်တွေ ပါဝင်လာတာဟာ မြန်မာ့နိုင်ငံရေး အနာဂတ်နဲ့ တိုင်းပြည်အတွက် ကောင်းကျိုး ဖြစ်စေနိုင်ပါသလား၊

Image caption လွှတ်တော်တွင်း လူငယ်စစ်ဗိုလ်အမတ်တွေ ပါလာတာ တိုင်းပြည်အတွက် ကောင်းသလား

လူငယ်/လူလတ် စစ်ဗိုလ်ပါလီမန်အမတ်တွေ ပါလာတာကြောင့် လွှတ်တော်တွင်းမှာ အမတ်တွေကြား ပိုပြီး ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နိုင်ကြမလား ဆိုတာတွေကို သောတရှင်တွေ ကိုယ်တိုင် ပါဝင်ဆွေးနွေး ထားကြပါတယ်။

သောတရှင်တွေနဲ့အတူ တပ်မတော်အရာရှိ ဟောင်းဖြစ်တဲ့ အခုပြည်ပမှာ ရောက်ရှိနေတဲ့ ဦးမြတ်နိုး၊ လာမယ့်လွှတ်တော် တက်ရောက် မယ့် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်တို့က ပင်တိုင်ဆွေးနွေးသူတွေ အဖြစ် ပါဝင် ဆွေးနွေးပေးထားပါတယ်။