အီဂျစ်စစ်တပ်နဲ့ မြန်မာ စစ်တပ်

  • 14 ဖေဖော်ဝါရီ 2011
burmese army ဓာတ်ပုံ မူပိုင် burma
Image caption မြန်မာ စစ်တပ်နဲ့ ဆန္ဒပြ သံဃာ တပါး

အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲမှာ စစ်တပ်ကလူထုဘက်ရပ်တည်ခဲ့တာဟာ အဓိက အခန်းကဏ္ဍ ဖြစ်တယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။

မြန်မာနိုင်ငံမှာရော စစ်တပ်က ဘာ့ကြောင့် လူထုဘက်က မရပ်တည်တာပါလဲ။

အီဂျစ်နိုင်ငံစစ်တပ်နဲ့ မြန်မာ စစ်တပ်အကြားမှာ ဘယ်လို ကွဲပြားခြားနားမှုတွေရှိပါသလဲ။

ဘာ့ကြောင့် ကွဲပြားခြားနားတယ်လို့ ထင်ပါသလဲ။

သောတရှင်တို့ အမြင်သောတရှင်တို့အတွေးတွေကို လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ပါဝင်ဆွေးနွေးချင်တဲ့ သောတရှင်တို့ အနေနဲ့ burmese@bbc.co.uk အီးမေးလ်ကို ဆက်သွယ်ပြီး ဖုန်းနံပါတ် ပေးပို့ ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

တယ်လီဖုန်းနံပါတ် ၀၀၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကို ဆက်သွယ်ပြီး တယ်လီဖုန်း အသံဖမ်းစက်ထဲမှာ မိမိအမည်၊ ခေါ်ဆိုတဲ့ နိုင်ငံ၊ တယ်လီဖုန်းနံပါတ်၊ ပါဝင်ဆွေးနွေးလိုတဲ့ အကြောင်းအရာ တွေကို အသံသွင်းထားခဲ့နိုင်ပါတယ်။ တယ်လီဖုန်း အသံဖမ်းစက်ထဲမှာ ပြောဆိုခဲ့ရမှာ ဖြစ်ပါတယ်။ တယ်လီဖုန်း ပြန်လည်ဖြေကြား ပေးမယ့်သူ ရှိမှာ မဟုတ်ပါ။

စာတိုက်က ဆက်သွယ်ချင်ရင် စာတိုက်သေတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း ရန်ကုန်မြို့ ကို ဆက်သွယ် နိုင်ပါတယ်။