နောက်ဆုံး ရေးသားချိန် 24 ဖေဖေါ်ဝါရီလ 2011 - 17:48 GMT

အကျဉ်းသား သံ​ဃာတော်​အရေး

ဗုဒ္ဓဘာသာဝင်တွေ အများစုရှိတဲ့ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ ရဟန်းသံဃာတော်ဟာ ထောင်ဝင်စာ တွေ့သူမရှိလို့ အကျဉ်းထောင်တွင်း ဆွမ်းကွမ်း ချို့တဲ့ ဆင်းရဲစွာ ရှိနေကြ ရပါတယ်။

burmese monks

သံဃာ့အရေး ကိုယ့်အရေး မှတ်ပါသလား

စစ်အစိုးရက နိုင်ငံရေးပြစ်မှုအမျိုးမျိုးနဲ့ စွပ်စွဲ ပြစ်ဒဏ်ချမှတ် ခံထားရတဲ့ ဒီအကျဉ်းသား သံဃာတော်တွေအတွက် ဗုဒ္ဓဘာသာဝင် မြန်မာတွေ၊ သီတင်းသုံးဖော် သံဃာတွေက မကူညီ မစောင့်ရှောက်သင့်ဘူးလား၊ အခွင့်အရေးတွေ မတောင်းဆိုသင့်ဘူးလား။ ပြည်ပမှာ ရှိနေကြတဲ့ သံဃာ့အဖွဲ့အစည်း အသီးသီးကလည်း အလားတူ တောင်းဆိုမှုတွေ လှုပ်ရှားမှုတွေ ဘာကြောင့် အားနည်းနေရပါသလဲ။

သောတရှင်တွေကရော သံဃာ့အရေး ကိုယ့်အရေး မှတ်ပါသလား၊ မမှတ်ဘူးလား။ ဒီကိစ္စအပေါ် ဘယ်လို သဘောထားပါသလဲ၊ လာမယ့် မတ်လ ၂ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ပါအကွက်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။