သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဝန်ကြီး​မ​ဖြစ်​တာ အမျိုးသမီး​တွေ ညံ့​လို့​လား

မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရသစ်အတွက် မကြာသေးခင်က ဝန်ကြီး ၃၀ စာရင်း ထုတ်ပြန်တာမှာ အမျိုးသမီးတဦးမှ မပါပါဘူး။

ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံတကာ တန်းဝင် မြန်မာခေါင်းဆောင်တဦး ဖြစ်ပါတယ်

မိန်းကလေးတွေက ယောက်ျားလေးတွေ လောက် မတော်လို့ နေရာ မရတာလား

အမျိုးသမီးတွေကို ဝန်ကြီးအဖြစ် မခန့်တာဟာ အမျိုးသမီးတွေက အမျိုးသားတွေလောက် မတော်လို့လား၊ ဒါမှမဟုတ် အမျိုးသမီးဖြစ်နေ လို့ပါလား။

ဒီမေးခွန်းတွေ၊ ဒီအကြောင်းတွေကို အခု သောတရှင်တွေက တိုက်ရိုက်ဆွေးနွေးရင်း ဖြေထား၊ ပြောထားကြ ပါတယ်။

သောတရှင်တွေနဲ့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မိတ္ထီလာမြို့နယ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးနဲ့ အာရှလူ့အခွင့်အရေးကောင်စီက ရှေ့နေ ဦးမင်းလွင်ဦး တို့က ပါဝင်ဆွေးနွေး ပေးထားပါတယ်။

ကိုချိုက တင်ဆက်ပေးထားပါတယ်။