လွှတ်တော်ကြီးဟာ နိုင်ငံဂုဏ်တက်စရာ ဟုတ်မဟုတ်

ဓာတ်ပုံ မူပိုင် afp

ရွေးကောက်ပွဲ မတိုင်ခင်က လွှတ်တော်ဟာ ဒီမိုကရေစီ လမ်းကြောင်းဆီကို ရှေ့ရှုတဲ့ ကနဦးခြေလှမ်းဖြစ်နိုင်တယ်လို့ ယူဆသူတွေ ရှိခဲ့ပါတယ်။

တကယ်လက်တွေ့မှာ တချို့ မျှော်လင့်သလို ဖြစ်မလာတဲ့အပြင် လွှတ်တော်ကျင်းပပုံ လွှတ်တော်တွင်း ဖြေကြားကြပုံဟာ ဝေဖန်စရာ ဖြစ်နေပါတယ်။

ဒီတော့ ဒီလွှတ်တော်ကြီးဟာ နိုင်ငံ ဂုဏ်တက်စရာ ဟုတ်မဟုတ် သောတရှင် တွေရဲ့ ယူဆချက်ကို ကြားသိချင်ပါတယ်။

သောတရှင်တို့ရဲ့ အတွေးအမြင်တွေကို လာမဲ့ မတ်လ ၁၇ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ပါအကွက်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။