နောက်ဆုံး ရေးသားချိန် 6 ဧပြီလ 2011 - 17:36 GMT

ဗိုလ်ချုပ်မှူးကြီးနဲ့ နအဖကို ရာဇဝတ်မှုခုံရုံး တင်သင့် မသင့်

မီဒီယာ ပလေးယား

မြန်မာနိုင်ငံမှာ နအဖကို ဖျက်သိမ်းပြီး အစိုးရသစ်တာဝန်ယူနေပါပြီ။

နအဖစစ်အစိုးရရဲ့ လူ့အခွင့်အရေးတွေကို စနစ်တကျ ချိုးဖေါက်ခဲ့မှုတွေ အတွက် ICC နိုင်ငံတကာရာဇဝတ်မှု ခုံရုံးတင်နိုင်အောင် ( Crime Against Humanity လူသားချင်း ရက်ရက် စက်စက် ကျူးလွန်တဲ့ပြစ်မှု၊ War Crime စစ်ရာဇဝတ်မှု တွေ ကျူးလွန်ခြင်းရှိမရှိ) စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ကုလသမဂ္ဂကို တိုက်တွန်းနေကြပါတယ်။

ဒီတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဦးဆောင်တဲ့ နအဖကို ICC နိုင်ငံတကာရာဇဝတ်မှုခုံရုံးတင်သင့် မတင်သင့် သောတရှင်တို့ရဲ့ အမြင်တွေကို ဧပြီလ ၆ ရက် လွတ်လပ်အတွေး အစီအစဉ်မှာ ဆွေးနွေးခဲ့ကြပါတယ်။

သောတရှင်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားတက္ကသိုလ် နိုင်ငံတကာအခြေခံဥပဒေရေးရာဌာနက ဒုတိယညွန်ကြားရေးမှူး ဆလိုင်းငွန်ကျုံးလျန် နဲ့ မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှုး ဦးအောင်ထူး တို့ပါဝင်ဆွေးနွေးကြခဲ့ကြတာကို နားဆင်နိုင်ပါတယ်။

email နဲ့ ဆွေးနွေးကြသူများ

နအ ဖ ခေါင်း ဆောင် ဗိုလ် ချုပ် မှူး ကြီး သန်း ရွှေ အား အ ပြည် ပြည် ဆိုင် ရာ စစ် ခုံ ရုံး တင် သင့် ပါ တယ် ။ဘာ ကြောင့် လဲ ဆို တော့ သူ ကျူး လွန် ထား တဲ့ အ မှုတွေ က အ များ ကြီး ပါ ။ဥ ပ ဒေ က ခွင့် လွတ် ဘို့ မ ရှိ ပါ ။

ကိုထိန်ဝင်း ရန်ကုန်မြို့

လုံး၀ တင်သင့်ပါတယ်၊ လုံး၀ဖြစ်သင့်တာပါ၊ လက်နက်မရှိတဲ့ လူထုအတွက် အမှန်တရားဆိုတာ ဘယ်မှာလဲ ကုလသမဂ ကထိုင်ကြည့်နေမယ်လို့ မထင်ပါဘူး တောင်းဆိုပါတယ် ထိထိရောက်ရောက်အရေးယူသင့်ပါတယ်

ဇော်ဇော် တောင်ဥက္ကလာ

ဗိုလ်ချုပ်သန်းရွှေကို နိုင်ငံတကာ စစ်ခုံရုံးကို မဖြစ်မနေ တင်သင့်တယ်လို့ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့အခွင့်ရေး ချိုးဖောက်မှု တင်မကပါဘူး။ ကျနော်တို့နိုင်ငံသယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံကို ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံဖြစ်အောင် လုပ်ခဲ့တယ်။အဲဒါကျနော်စိတ်အနာဆုံးပဲ။

Hegin (Dehli)

.ICC မှာမြန်မြန်လေးတင်နိုင်ပါစေလို့သူတို့အတွက်ဆုတောင်းပေးလိုက်ပါတယ်.....

ဝင်းကို

ဒီပဲယင်း အရေးအခင်းကို ဖြစ်စေ ၂၀၀၈ ခုနစ် မြန်မာနိုင်ငံသဘာ၀ဘေးဒဏ်ကို ခံစားနေတဲ့အချိန်မှာဖြစ်စေ ဒါတွေ ကို စစ်အစိုးက သိသိကြီးနဲ့ ပြည်သူတွေ ကို မျက်ကွယ်ပြုပြီး လုပ်ဆောင်နေတာဖြစ်ပါသည်၊၊ အဲတာတွေ ကို သက်ဆိုင်ရာ အစိုးရမှာတာ၀န် ရှိုပါတယ်။

အခုထိတိုင် နာဂစ်ဒေသမှာ စစ်အစိုးကတာ၀န်ယူပြီး ပြန်လည်တူထောင်ရေးလုပ်ငန်းတွေ မရှိသလောက်ဖြစ်နေပါတယ်။ ဒါကို ကြည့်ချင်းအားဖြင့် နအဖ စစ်အစိုးရသည် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုံးကို သိသိသာသာ ချိုးဖောက်နေပါတယ်ဆိုတာ ထင်ရှားပါသည်၊၊
ကျနော်တို့ တိုင်းရင်းသားပြည်သူများသည် နအဖ န၀တ အစိုးရအဆင့်ဆင့်ကို ပြစ်မှုကျူးလွန်သလို ပြစ်ဒဏ်ခံစားစေလိုတဲ့အတွက် icc ခုံရုံးကို လွဲပြောင်းပေးရန်ကို အလေးအနက်ထောက်ခံပါကြောင်း။

သား (ကယား)
ကရင်နီပြည်

ဒီအစီအစဉ်ကို နားထောင်ပြီး တခုခု ပြောချင်ရင် ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ပါအကွက်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။