စာပေ​စိစစ်​ရေး လို​သေး​လား

လာမယ့် မေလ ၃ ရက်နေ့ဟာ နိုင်ငံတကာ သတင်း လွတ်လပ်ခွင့်နေ့ ဖြစ်ပါတယ်။

Image caption ဂျာနယ်ဖတ်ဖို့ စာပေစိစစ်ရေး လိုသေးလား

ဒီမိုကရေစီကို သွားနေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ စစ်အစိုးရ လက်ထက်ကလို စာစောင်တွေ၊ ဂျာနယ်တွေကို ဖြတ်တောက် ကန့်သတ်နေတဲ့ စာပေစိစစ်ရေး ဆိုတာ လိုအပ်ပါသေးလား၊

ဘယ်လို သဘောရပါသလဲ။ လာမယ့် မေလ ၄ ရက် ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တွေ ကိုယ်တိုင် ပါဝင် ဆွေးနွေးဖို့ကို ဖိတ်ခေါ်ပါတယ်။

ပါဝင်ဆွေးနွေးမယ်ဆိုရင် ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။