နောက်ဆုံး ရေးသားချိန် 1 ဇွန်လ 2011 - 15:53 GMT

ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်သင့်မသင့်

မီဒီယာ ပလေးယား

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်လာပြီးတဲ့နောက် ပထမဆုံးအကြိမ် နယ်ကို ခရီးထွက်မယ်ဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်။

ဒီပဲယင်းဖြစ်ရပ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးနဲ့ ပတ်သက်လို့ ခရီးထွက်မှာကို စိုးရိမ်ကြသူတွေ ရှိနေပါတယ်။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည် နယ်ခရီး ထွက်သင့် မသင့် သောတရှင်တွေ ဘယ်လို ယူဆကြပါသလဲ။

သောတရှင်တွေနဲ့ အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် လုံခြုံရေးတာဝန်ယူနေတဲ့ ဦးဝင်းထိန် နဲ့ ပြည်ပရောက် ဗိုလ်မှူးဟောင်း မြတ်နိုးတို့ လဲပါဝင်ဆွေးနွေးထားတာကို နားဆင်နိုင်ကြပါတယ်။

အစီအစဉ်ကို နားထောင်ပြီး တခုခု ပြောချင်ရင် ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ပါအကွက်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

အီးမေးနဲ့ဆွေးနွေးလာသူများ

ဒီပဲယင်းအရေးအခင်းကို အစိုးရမှအခုထိ မျက်ကွယ်ပြုထားခြင်းအားဖြင့် နောင်ထပ်ကျူးလွန်ဘို့အတွက် သူတို့မှာဝန်မလေးဆိုတာထင်ရှားပါတယ်။ အမေစုရဲ့လုံခြုံရေးအတွက်အထူးစိုးရိမ်ရပါတယ်။လောလောဆယ်မသွားသင့်သေးဘူးလို့ထင်ပါတယ်။

မင်းရန်နိုင်

ဒေါ်အောင်ဆန်းစုကြည်ကို အကြံပြုလိုသည်မှာ.ယခု ကြံ့ခိုင်ရေးသည် (NGO) မဟုတ်တော့ပါ......အဏာရှိသော အစိုးရ အဖွဲ့ ဖြစ်သွားပြီ..... ဒေါ်အောင်ဆန်းစုကြည်အပေါ်တိုက်ခိုက်မှုတွေကို ပိုပြီ ပီပြင်စွာနဲ့ စနစ်တကျ လုပ်ပါတော့မယ်.
ဒေါ်အောင်ဆန်းစုကြည် သတိနဲ့သာ......ခရီးထွက်ပါလို့ အကြံပြုလိုပါတယ်။

အမေစုကို ချစ်သော (မြန်မာပြည်သား လူလေး)

ဒေါ်စုကို အဆုံးရှုံးမခံနိုင်ပါ၊ဒါကြောင့် ခရီးမထွက်သင့်ပါဘူး၊ လူထုကို စကားပြောချင်ရင် BBC VOA တို့က တဆင့်ပြောသင့်ပါတယ်။

မိုးမိုး ရန်ကုန်

ဒီပဲယင်းအရေးအခင်းကိုအစိုးရမှအခုထိမျက်ကွယ်ပြုထားခြင်းအားဖြင့်နောင်ထပ်ကျူးလွန်ဘို့အတွက်သူတို့မှာဝန်မလေးဆိုတာထင်ရှားပါတယ်။ အမေစုရဲ့လုံခြုံရေးအတွက်အထူးစိုးရိမ်ရပါတယ်။လောလောဆယ်မသွားသင့်သေးဘူးလို့ထင်ပါတယ်။

မင်းရန်နိုင်

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။