နောက်ဆုံး ရေးသားချိန် 27 ဇူလိုင်လ 2011 - 16:40 GMT

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ် ဆွေးနွေးမှုကို ဘယ်လိုမြင်ပါသလဲ

မီဒီယာ ပလေးယား

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ် ဝန်ကြီး ဦးအောင်ကြည်တို့ ပထမဆုံးအကြိမ် တနင်္လာနေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

ဒီဆွေးနွေးမှုအပေါ် သောတရှင်တို့ ဘယ်လို မြင်ပါသလဲ။

ပြည်သူလူထုအနေနဲ့ ဒီလို ဆွေးနွေးမှုကနေ ဘာတွေ မျှော်လင့် ထားကြပါသလဲ။

သောတရှင်တွေရဲ့ အတွေးအမြင်တွေကို လာမဲ့ ဂျူလိုင်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး အစီအစဉ်မှာ ပါဝင်ဆွေးနွေးခဲ့ကြရမှာ

သောတရှင်တွေနဲ့ အတူ ပြည်ပ အခြေစိုက် အမျိုးသားညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂရုံးတာဝန်ခံ ဒေါက်တာသောင်းထွန်းလဲ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

နားဆင်ပြီးတခုခု ပြောလိုရင် ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

အီးမေးနဲ့ ဆွေးနွေးသူများ

အပြုသဘောဆောင်တယ်တို့ တရားဥပဒေ စိုးမိုးရေးတို့ စိတ်၀မ်းကွဲပြားမှု ပပျောက်ရေး အများပြည်သူ အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စတွေမှာ အမြင်တူတာတွေ ပူးပေါင်း ဆောင်ရွက်ရေး တို့ စတဲ့အပြောအဆိုတွေ က ဘာကိုမှ တိတိကျကျ ရည်ညွှန်းတာ မဟုတ်ပါဘူး။ ဘာကိုဆိုလိုချင်မှန်းလည်းမသိပါဘူး ။အဲလို ထုတ်ပြန်မှုတွေ သာများများလုပ်နေရင် ဒေါ်အောင်ဆန်းစုကြည်ပါ သူတို့နဲ့အတူ ရောပြီး သိက္ခာမဲ့ အောင်လုပ်ဘို့လောက် တွေ့တာ ဖြစ်ပါလိမ့်မယ်။

စစ်ခေါင်းဆောင်တွေ ဘာဆက်လုပ်မှာလည်း ဆိုတာကိုပဲ သတိထားရပါမယ်။ သူတို့လုပ်ရပ်တွေက တိုင်းပြည် တိုးတက်ပြောင်းလဲစေနိုင်သလို ဒီထက် နိမ့်ကျ ပြီး တိုင်းပြည်ပြသနာတွေကို မပြီးနိုင်အောင် ဆက်လုပ်မှာလည်း သူတို့ပါပဲ။

ကိုစိုးတင့် ထိုင်းနိုင်ငံ

တွေ့ဆုံဆွေးနွေးကြတာကို မူအားဖြင့် ထောက်ခံပါတယ်။ ရိုးသား ဖြောင့်မတ်စွာ ဆွေးနွေးကြရင်တော့ ကောင်းတာပေါ့။ ရုပ်ပြ၊ဟန်ပြ သက်သက်ဆိုရင်တော့------။

အစိုးရသစ် ဘက် က( အစိုးရ ပီသ ရင်ပေါ့လေ) )အောက်ပါတို့ကို စ လုပ်ပြစေချင်ပါတယ်။

၁။ ။ နိုင်ငံရေးအကျဉ်းသား အားလုံး ချွင်းချက် မရှိ လွှတ်ပေးရပါမယ်။

၂။ ။တိုင်းရင်းသားတွေ အပေါ် ဆင်နေတဲ့ ထိုးစစ်အားလုံး ရပ်ပေး သင့်ပါတယ်။

၃။ ။ပိုမို ပွင့်လင်းပီး သက်ဆိုင်သူအားလုံးပါ၀င်တဲ့ အထွေထွေ ဆွေးနွေးပွဲ တရပ် ကျင်းပနိုင်ရေး အချိန်ဇယား နှင့်တကွ အဆိုပြုစေလိုပါတယ်။

၀င်းမောင်သန့် စင်္ကာပူ

ကျွန်တော့် အထင်တော့ သက်သက် ခုတုံးပါပဲ။ အာဆီယံဥက္ကဌရာထူးကိုလည်း လိုချင်တယ်။ နိုင်ငံတကာဖိအားကို နဲနဲပေါ့အောင် အကွက်တစ်ကွက် ချပြတာပဲရှိပါတယ်။ ပြီးရင် ပိုနေမြဲကျားနေမြဲပါပဲ။ ဒီအစိုးရဒီလိုလုပ်နေတာကြာပါပြီ။ တကယ်နိုင်ငံအကျိုးကို လိုလားရင် ဦးသိန်းစိန်ကိုယ်တိုင် ဆွေးနွေးပေါ့။ အလုပ်သမားဝန်ကြီးနဲ့ ဆွေးနွေးရုံအဆင့်ဟာ ဘာတွေများ ထူးခြားနိုင်မှာလဲ။

ကိုတိုး စင်္ကာပူ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုထိုးစစ်ဆင်ဖို့ ကြိုတင်ပြင်ဆင်မှု ဖြစ်နို်ချေများတယ် လို့မြင်ပါတယ်။ တိုင်းရင်းသားလက်နကိုင်အဖွဲ့များကို ထိုးစစ်ဆင်ဖို့ ကြိုတင်ပြင်ဆင်မှုများရှိနေတဲ့အချိန်ဖြစ်တယ်။ ဥပမာ နေပြည်တော် က တနေ့ ကျပ်သန်းပေါင်းလေးထောင်လောက် သုံးနေတဲ့ ဆောက်လုပ်ရေး ရပ်ဆိုင်းထားခြင်း သည်၊ စစ်စရိတ်အတွက်ပြင်ဆင်မှုဖြစ်နိုင်။ ပြီးနောက်၊ တနိုင်ငံလုံးရှိ တပ်ရင်းများ တပ်သားစုဆောင်းရန် အမိန့်ထုတ်ထားခြင်း။

ကိုတူး ထိုင်းနိုင်ငံ

နအဖ စစ်အုပ်အနေဖြင့်လည်းကောင်း (သို့မဟုတ်) သမတ ဦးသိန်းစိန် အစိုးရအနေဖြင့် ဖြစ်ပေါ်နေသော နိုင်ငံရေးပြသနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် စိတ်ရင်း စေတနာ ဖြစ်ရှိနေပါက -
- ဖျက်သိမ်းခံထားရသော ၊ တရားမ၀င် ပြုလုပ်ထားသော NLD ပါတီကို တရား၀င် နိုင်ငံရေးပါတီအဖြစ် ထုတ်ပြန်ကြေညာသွားရန်။
တွေ့ဆုံဆွေးနွေးရေးကို စတင်ပြီဆိုပါက - လက်ရှိဖြစ်ပေါ်နေသော ကချင်ပြည်နယ် တိုက်ပွဲကိစ္စ၊ ရှမ်းပြည်နယ်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲ၊ ကရင်ပြည်နယ် တိုက်ပွဲများအပါအ၀င် တတိုင်းတပြည်လုံး အပစ်ရပ်စဲခြင်းကို သမတ ဦးသိန်းစိန် အစိုးရအနေဖြင့် တရား၀င် ကြေညာသွားရန်။ တပြိုင်နက်တည်းတွင် နိုင်ငံရေးကြောင့် မတရားသဖြင့် ဖမ်းဆီး ထောင်ချခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ လွတ်ပေးသွားရန် လိုအပ်လှပါသည်။

မန်းလှအေး ထိုင်းမြန်မာနယ်စပ်

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။