နောက်ဆုံး ရေးသားချိန် 3 သြဂုတ်လ 2011 - 15:53 GMT

စစ်ပြေးဒုက္ခသည်တွေ အကူအညီ မရတာ ဘာကြောင့်လဲ

မီဒီယာ ပလေးယား

တိုင်းရင်းသားဒေသတွေမှာ မြန်မာအစိုးရစစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် တိုင်ရင်းသား အများအပြား စစ်ပြေးဒုက္ခသည် ဖြစ်နေကြပြီး ကူညီ ထောက်ပံ့မှုတွေ ထိထိရောက် ရောက် မရဘဲရှိနေကြပါတယ်။

တိုင်းရင်းသားစစ်ပြေးဒုက္ခသည်တွေ ဒီလို အတိဒုက္ခ ရောက်နေကြရတာကို ပြည်တွင်းက ပြည်သူတွေ ဘယ်လောက်သိကြပါသလဲ။

သူတို့ ထိုက်သင့်တဲ့ အကူအညီ အထောက်အပံ့တွေ မရကြတာဘာကြောင့်လဲ။

သောတရှင်တွေရဲ့ အတွေးအမြင်တွေကို သြဂုတ်လ ၃ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး အစီအစဉ်မှာ ပါဝင်ဆွေးနွေးခဲ့ကြရာမှာသောတရှင်တွေနဲ့အတူ လက်ရှိ ချင်းပြည်နယ်လွှတ်တော်အမတ် ချင်းအမျိုးသားပါတီဥက္ကဌ ဦးဇိုဇမ်း နဲ့ မင်္ဂလာမြန်မာ အင်ဂျီအို အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းတို့လဲ ပါဝင်ဆွေးနွေးပေးခဲ့ကြတာကို နားဆင်နိုင်ပါတယ်။

နားထောင်ပြီးတခုခုပြောလိုရင် ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

အီးမေးနဲ့ဆွေးနွေးသူများ

နယ်စပ်ဒေသတွေမှာမြန်မာအစိုးရထိုးစစ်တွေကြောင့်.

တိုင်းရင်းသားစစ်ပြေးဒုက္ခသည်အမြောက်အများရှိတယ်ဆိုတာ

ပြည်ပအသံလွှင်.ဋ္ဌာနတွေရဲ့ သတင်းထုတ်လွှင့်ပေးမှုတွေကြောင့်

စစ်နဲ့ဝေးတဲ့ မြန်မာပြည်အတွင်းပိုင်းက ပြည်သူအများစုက သိနေကြပါတယ်။

စစ်ပြေးဒုက္ခသည်တွေကို ကူညီခွင့်သာပြုမယ်ဆိုရင် ပြည်တွင်းပြည်ပမှာရှိတဲ့

စေတနာရှင်တွေက လူသားချင်းစာနာတဲ့စိတ်နဲ့ ကူညီချင်ကြမယ်ဆိုတာ

ယုံကြည်ပါတယ်။

ဒါပေမယ်.အခက်အခဲက အစိုးရက တိုင်းရင်းသားစစ်ပြေးဒုက္ခသည်တွေကိုလည်း

ရန်သူလိုသဘောထားပြီး အကူအညီပေးခွင်.ပြုမထားပါဘူး။

ဒါကြောင့် တိုင်းရင်းသားစစ်ပြေးဒုက္ခသည်တွေမှာ ပြေးရလွှားရတဲ့ ဒုက္ခအပြင်

ကူသူကယ်သူကင်းမဲ့ တဲ့ ဒုက္ခပါခံစားနေကြရပါတယ်။

အဓိကကတော.အစိုးရဟာ တစ်ဘက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု

မပြိုကွဲရေးလို့ ကြွေးကြော်နေပြီး၊ တစ်ဘက်မှာ တိုင်းရင်းသားဒေသတွေကို

အမြောက်နဲ.ပစ်နေတာဟာ ဘယ်လို တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးလဲ

ဆိုတာ မေးလိုက်ချင်ပါတယ် ခင်ဗျား။

ဦးသန်းအောင် ရေနံချောင်းမြို့

(၁) မီဒီယာရဲ့ အခန်းကဏ္ဍ
(၂) မြန်မာစစ်တပ်ရဲ့ လူမျိုးရေး ဝါဒ ကြောင့် ပြည်တွင်းစစ် ဖြစ်ရတယ် ဆိုတဲ့ အခြေခံ အကြောင်းရင်းပါပဲ။

(၁) မီဒီယာရဲ့ အခန်း ကဏ္ဍနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုတာကတော့ မြန်မာပြည် အရှေ့ခြမ်း ရှမ်းပြည်၊ ကရင်ပြည်နယ် တလွှားမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲဟာ ရာစုနှစ် တစ်ဝက်ကျော်လာပြီ။ ဒီစစ်ပွဲတွေကြောင့် လူတွေ ဘယ်လောက် သေကျေ ပျက်စီးရတယ်၊ ထိုင်းနိုင်ငံထဲကို ဒုက္ခသည် သိန်းချီ ထွက်ပြေး ခိုလှုံ နေရတယ် ဆိုတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးကျိုး ဒုက္ခ အများစုကို နယ်စပ်ဒေသက တိုင်းရင်းသားတွေသာ ခံစားရပြီး ပြည်မက မြန်မာအများစုနဲ့ ကင်းကွာ နေတာမို့လို့ ဒီကိစ္စတွေကို ကရင့်အရေး၊ ရှမ်းအရေး ဆိုပြီး မသိချင် ယောင်ဆောင် ဘေးဖယ်ထားလို့ မရပါဘူး။ စစ်ပွဲရဲ့ အရင်းခံကလည်း တိုင်းရင်းသားတွေက မိမိကိုယ်ကို ကာကွယ်ဖို့ လက်နက်စွဲကိုင်ထားတာ ဖြစ်ပြီး မြန်မာ စစ်အစိုးရရဲ့ တပ်တွေကသာ တိုင်းရင်းသားတွေရဲ့ နယ်မြေကို ကျူးကျော်ပြီး စစ်အင်အား အလုံးအရင်း၊ လက်နက် အင်အား အလွန်အကျွံ သုံးပြီး ချေမှုန်းနေတာပါ။ ဒီစစ်ပွဲတွေမှာ ဘယ်သူက မတရားတာလဲ၊ ဘယ်သူက အနိုင်ကျင့်နေတာလဲ၊ ဘယ်သူက ရက်စက်နေတာလဲ ဆိုတာ သိသာ ထင်ရှားလှ ပါတယ်။ မီဒီယာရဲ့ အခန်းကဏ္ဍ ကလည်း စစ်အစိုးရရဲ့ မတရားတဲ့ လုပ်ရပ်၊ ရက်စက်တဲ့ လုပ်ရပ်ကို စစ်အစိုးရရဲ့ အရာရှိတွေ ကိုယ်တိုင် စက်ဆုပ် ရွံရှာစရာ ကောင်းတယ်ဆိုတာ သဘောပေါက် နားလည်လာအောင်၊ နယ်စပ်ဒေသက အခြေအနေတွေကို တိတိကျကျ ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်ပေးဖို့ လိုအပ်ပါတယ်။ မီဒီယာတွေက လူမျိုးရေး ဘာသာရေး ခွဲခြားမှု မရှိပဲ အမှန်ကို အမှန်အတိုင်း တင်ပြနိုင်မှသာ လူများစု ဗမာ တိုင်းရင်းသားတွေကလည်း စစ်အစိုးရရဲ့ ပြည်ထောင်စုသား အချင်းချင်း စစ်ခင်းနေတဲ့ ကိစ္စကို ရွံရှာမုန်းတီးလာမှာ ဖြစ်ပါတယ်။

(၂) မြန်မာ စစ်အစိုးရရဲ့ လူမျိုးကြီး ဝါဒ အကြောင်းကို ဆွေးနွေးရမယ်ဆိုရင် အထင်ရှားဆုံး သာဓက အနေနဲ့ မြန်မာ တစ်နိုင်ငံလုံး မြန်မာစာပေ တစ်ခုတည်းကို အားကြိုး မာန်တက် အစိုးရ ကျောင်းတွေမှာ သင်ကြားခဲ့ပေမယ့် တိုင်းရင်းသားစာပေမှာ ကနေ့အထိ အစိုးရကျောင်းမှာ သင်ကြားခွင့်မရခဲ့ပါဘူး။ လူအခွင့်အရေး ချိုးဖောက်တယ်၊ အာဏာရှင်ဆန်တယ် ဆိုတဲ့ တရုတ်နိုင်ငံ ကတောင် ရှမ်းစာ၊ ကချင်စာကို အစိုးရ ကျောင်းမှာ သင်ကြားခွင့်ပေးပြီး လူနည်းစု တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို အစိုးရ ဘဏ္ဍာငွေထဲက စိုက်ထုတ်ပြီး ပျိုးထောင်ခဲ့ပါတယ်။ ရှမ်းဘာသာစကား မတတ်လို့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းက လူများစု ရှမ်းတိုင်းရင်းသားတွေဟာ မှတ်ပုံတင်ထဲမှာ ဗမာ လူမျိုးအဖြစ် ပြောင်းလဲ သတ်မှတ် ခေါ်ဝေါ်ခံခဲ့ရပါတယ်။

စိုင်းနမ့်ကျို (ခ) ဧရာဝတီသား

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။