သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒီမိုကရေစီအင်အားစုကြား သဘောထားကွဲအောင်လား ၊ တကယ်ဘဲ စည်းလုံးမှု ရချင်လို့လား

  • 24 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AP

မြန်မာအစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ရာမှာ တိုင်းရင်းသား လက်နက်ကိုင်တဖွဲ့ချင်းနဲ့ သာ ဆွေးနွေးမယ်လို့ကြေညာခဲ့သလို အန်အယ်ဒီမပါဘဲ ဒေါ်အောင်ဆန်းစုကြည် နဲ့သာ သီးသန့် ဆွေးနွေးနေတာ တွေ့ရပါတယ်။

နောက်တခါ သမ္မတ ဦးသိန်းစိန်ကလည်း ပြည်ပရောက်မြန်မာနိုင်ငံသားတွေ အပြစ်ကျူးလွန်ခဲ့သည့်တိုင်အောင် ပြန်လာနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီတော့ကာ အစိုးရဟာ ဒီမိုကရေစီ အင်အားစုတွေကြားမှာ သဘောထားကွဲအောင် စနစ်တကျ လုပ်ဆောင်နေတာလား၊

ဒါမှမဟုတ် တကယ်ပဲ အမျိုးသား စည်လုံးညီညွတ်ရေး ကြိုးစားနေတာလား ဆိုတာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်တိုင်း တာဝန်ခံ ဦးနိုင်းနိုင်း နဲ့အတူ ပြည်တွင်း ပြည်ပက ဘီဘီစီ သောတရှင်တွေ ပါဝင် ဆွေးနွေးထားကြပါတယ်။

ဒီအစီအစဉ်ကို နားဆင်အပြီး သောတရှင်တို့ရဲ့ သဘောထားအမြင်တွေကို ပေးပို့လိုတယ်ဆိုရင်လည်း email လိပ်စာ burmese@bbc.co.uk ကို ရေးသား ပေးပို့နိုင်ကြပါတယ်။