သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာအစိုးရကို ဘာတွေဝေဖန်ချင်သလဲ

  • 31 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက လွှတ်တော် အဖွင့်မိန့်ခွန်းမှာ သတင်း မီဒီယာတွေ အပါအဝင် ပြည်သူများရဲ့ ဝေဖန် အကြံပြုမှုများကို ခံယူဖို့ အရေး ကြီးတယ်လို့ ပြောကြား သွားပါတယ်။

ဒီတော့ သောတရှင်တွေ အနေနဲ့ အစိုးရကို ဝေဖန်စရာရှိတယ်ဆိုရင်လည်း ဘာကို အဓိကထား ဝေဖန်ချင်ပါသလဲ ဆိုတဲ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်ကို သြဂုတ်လ ၃၁ ရက်နေ့ညက နိုင်ငံရေး စီးပွားရေး လူမှုရေး ရှုထောင့်စုံကနေ ပြည်တွင်း ပြည်ပမှ သောတရှင်တွေ ပါဝင်ဆွေးနွေး ကြပါတယ်။

သောတရှင်တွေနဲ့အတူ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေါက်တာမင်းဇော်ဦး အလွတ်သတင်းထောက် ကိုသက်ဇင်တို့က ပါဝင်ဆွေးနွေး ထားကြပါတယ်။