နောက်ဆုံး ရေးသားချိန် 7 စက်တင်ဘာလ 2011 - 15:30 GMT

လူ့အခွင့်အရေး စုံစမ်းရေး ကော်မရှင် ဘယ်လိုမြင်လဲ

မီဒီယာ ပလေးယား

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက လူ့အခွင့်အရေးအခြေအနေ ပြောင်းလဲ တိုးတက်မှုမရှိဘူးလို့ နောက်ဆုံး ခရီးစဉ်အပြီးမှာ ထုတ်ဖေါ် ပြောကြားခဲ့ပါတယ်။

အဲဒီတော့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ဘယ်လို ဖေါ်ထုတ်နိုင်မလဲ။

နိုင်ငံတကာမှာ တိုက်တွန်းတောင်းဆိုနေကြတဲ့ သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့မဲ့ကိစ္စကိုရော သောတရှင်တွေ ဘယ်လိုသဘောထားပါသလဲ။

စက်တင်ဘာလ ၇ရက် ဗုဒ္ဓဟူးနေ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တွေနဲ့အတူ မြန်မာနိုင်ငံ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ HRDP က ဦးမောင်မောင်လေး နဲ့ ပြည်ပအခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင်က မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးတို့ ပါဝင်ဆွေးနွေးထားတာကို နားဆင်နိုင်ပါတယ်။

နားထောင်ပြီးတခုခု ပြောချင်ရင် ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။