လျှပ်စစ် ဓါတ်တွေ အလျှံအပယ် ဖြစ်နေပြီလား

  • 15 စက်တင်ဘာ 2011
candle light
Image caption မြို့ရော တောပါ လျှပ်စစ်မီး ရပါပြီလား

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားတွေ ကုန်အောင် မသုံးနိုင်လို့ နိုင်ငံခြားကို ထုတ်ရောင်း နေရတယ်လို့ ပြည်ထောင်စု လျှပ်စစ် ဝန်ကြီး ဦးဇော်မင်းက ပြောပါတယ်။

ဦးဇော်မင်း ပြောသလို မြန်မာနိုင်ငံမှာ လျှပ်စစ် ဓါတ်အားတွေ သုံးမကုန် နိုင်အောင် များပြား ပိုလျှံနေပါပြီလား။

သောတရှင်တို့ အမြင် သောတရှင်တို့ အတွေးတွေကို စက်တင်ဘာ ၁၅ ရက် ဗုဒ္ဓဟူးနေ့လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အီးမေးလ်နဲ့ ဆက်သွယ်ပြီး ဖုန်းနံပါတ် ပေးပို့ရင်လည်း ပြန်လည် ခေါ်ယူပေးပါမယ်။