နောက်ဆုံး ရေးသားချိန် 26 အောက်တိုဘာလ 2011 - 15:49 GMT

သမိုင်းဝင် အဆောက်အအုံတွေကို ငှားရမ်းရောင်းချသင့် မသင့်

မီဒီယာ ပလေးယား

မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသည်တွေ အလာများတော့မှာမို့ ရန်ကုန်မြို့က သမိုင်းဝင် အဆောက်အအုံနဲ့ ရုံးတွေကို ဟော်တယ်တွေ အဖြစ် ငှားရမ်း ရောင်းချဖို့ စီစဉ်နေတယ်လို့ ကြားသိရပါတယ်။

ဒီလို သမိုင်းဝင်အဆောက်အအုံတွေကို ငှားရမ်း ရောင်းချဖို့ သင့်မသင့် သောတရှင်တွေရဲ့ အမြင်တွေကို ကြားချင်ပါတယ်။

အောက်တိုဘာလ ၂၆ ၇က် လွတ်လပ်အတွေအစီအစဉ်မှာ သောတရှင်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စု နယူးယောက်တက္ကသိုလ်က အငြိမ်းစားသမိုင်ပါမောက္ခ ဒေါက်တာအေးကျော် ပါဝင်ဆွေးနွေးထားတာကို နားဆင်နိုင်ပါတယ်။

အီးမေးနဲ့ဆွေးနွေးသူများ

သမိုင်းဆိုတာ လူမျိုးတစ်မျိုး၊ တိုင်းပြည်တစ်ပြည်အတွက် အလွန် အရေးကြီးတယ်ဆိုတာကို လူတိုင်းအသိပါပဲ။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်စွင့်ဖို့ ကြိုးပမ်းဖို့ နှိုးဆော်နေတဲ့၊ လုပ်ဆောင်နေတယ်လို့ဆိုတဲ့ အစိုးရက အခုလို မြန်မာပြည်ရဲ့ သမိုင်း၀င်နေရာတွေ၊ အဆောက်အဦးတွေကို စနစ်တကျ ထိမ်းစောင့်ရှောက်ခြင်းမပြုပဲ ငှားရမ်းရောင်းချခဲ့မယ်ဆိုရင် ဒါဟာ မိမိတို့ရဲ့စကားကို မိမိမတည်တာဖြစ်သလို မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးကို စော်ကားလိုက်တာပဲဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့သမိုင်းဆိုတာ တိုင်းရင်းသားအားလုံးနဲ့ဆိုင်လို့ပါဘဲ။

ဦးသန်းအောင် (သြစတြေးလျ)

နိုင်ငံတကာမှာ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်တာပဲ မြင်တွေ့ရပါတယ် ဘယ်နိုင်ငံမှာမှ ဖျက်စီးပြီး ကိုယ်ထင်ရာ
ကိုယ်လုပ်နေတာမတွေ့ရပါဘူး အဲဒီရှေးဟောင်းအမွေအနှစ်တွေဟာ နိုင်ငံတနိုင်ငံ ရဲ့သမိုင်းကိုလည်း ပြဆိုနေတာဖြစ်ပါတယ်။

အထူးသဖြင့် အတွင်း၀န်ရုံး၊၀န်ကြီးများရုံးဟာဆိုရင် နိုင်ငံရဲ့သမို်င်း၀င်နေရာ နိုင်ငံခေါင်းဆောင်ကြီးများ လုပ်ကြံခံရတဲ့နေရာ အဲဒီလိုအဆောက်အဦးမျိုးဆိုရင် ပိုလို့ပင်မလုပ်သင့်ပါ မကြံစီသင့်ပါဘူး၊တခြားနိုင်ငံမှာဆိုရင် ပိုပြီးတောင်ထိမ်းသိမ်းနေကြပါတယ်။၊

အဲဒီအဆောက်အဦးမျိုးကို အမျိုးသားပြတိုက်၊သို့မဟုတ်လွတ်လပ်ရေးကြိုးပမ်းမှုပြတိုက် အဖြစ်ကို လုပ်ဆောင်သင့်ပါတယ်၊


ကိုထက်အောင် (အမေရိကန်ပြည်ထောင်စု)

ကျနော်တို့တိုင်းပြည်မှာ တကယ်အရေးတကြီး လိုအပ်နေတာက ဟော်တယ်မဟုတ်ပါဘူး၊ ပညာရေးနဲ့ကျန်းမာရေးပါ၊ နောက်ပြီး နိုင်ငံခြားသားဧည့်သည်အ
၀င်များမယ်.. အ၀င်မများဆိုတာကလဲ မရေရာသေးတဲ့ မျှော်လင့်ချက်လို့ မြင်ပါတယ်၊ အဓိကအရေးကြီးတဲ့ ကျနော်တို့မြန်မာနိုင်ငံမှာရှိတဲ့ ဘယ်သမိုင်း၀င်အ
ဆောက်အဦးကို မဆို ပြည်တွင်းကလုပ်ငန်းရှင်လဲ မဌားသင့်သလို .ပြည်ပကလုပ်ငန်းရှင်ကိုလည်း မဌားရမ်းသင့်ပါဘူး ၊ ရောင်းချဖို့ဆိုတာကတော့ မစဉ်းပါနဲ့တော့၊

ကိုစစ်ကိုနိုင် (မလေးရှား)

ဆွေးနွေးခန်းကို နားဆင်ပြီးရင် ကိုယ်အမြင်တွေကိုလည်း ပေးပို့နိုင်ကြပါတယ်။

ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။