နောက်ဆုံး ရေးသားချိန် 2 နိုဝင်ဘာလ 2011 - 18:28 GMT

အန်အဲဒီ မှတ်ပုံပြန်တင်သင့် မတင်သင့်

မီဒီယာ ပလေးယား

အန်အဲဒီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးအပြီး လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးရဲ့ အမေးကို ဖြေရာမှာ အန်အဲဒီ မှတ်ပုံတင်ခြင်းကိစ္စဟာ ဥပဒေအပေါ် မူတည်တယ်၊

ဥပဒေထွက်လာရင် အန်အဲဒီပါတီစည်းမျဉ်းအရ အစည်းအဝေးခေါ် ဆုံးဖြတ်မယ်လို့ ပြောခဲ့ပါတယ်။

ဒီတော့ အန်အဲဒီပါတီ မှတ်ပုံပြန်တင်သင့် မသင့် သောတရှင်တွေ ဘယ်လိုမြင်ကြပါသလဲ။

နိုဝင်ဘာလ ၂ ရက် လွတ်လပ်အတွေးအစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း စည်ရုံးရေးတာဝန်ခံ ဦးနိုင်းနိုင်း ပါဝင်ဆွေးနွေးထားတာကို နားဆင်နိုင်ကြပါတယ်။

အီးမေးနဲ့ဆွေးနွေးသူများ

ရွေးကောက်ပွဲဥပဒေကိုကျေနပ်မှုရှိရင်ကြားဖြတ်ရွေးကောက်ပွဲ၀င်စေချင်ပါတယ်၊

90ခုနှစ်ရွေးကောက်ပွဲဥပဒေနှင့်အနိုင်ရပါတီnldကိုတတွဲထဲထားခဲ့ပြီးသမိုင်းကိုဘဲဆုံးဖြတ်ခိုင်းခဲ့ပါ။

ပါတီသစ်အနေနဲ့မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(MLD)လို့အမည်ပေးပြီးကြားဖြတ်ရွေးကောက်ပွဲကို၀င်ရောက်ခြင်းအားဖြင့် နောင်၅နှစ်တာကာလအတွက် ကျယ်ကျယ်ပြန့်ပြန့်စည်းရုံးစေချင်ပါတယ်။

ကိုမိုးမြင့် မြိတ်

တွေ့ဆုံဆွေးနွေးပွဲရဲ့ ရလဒ်တွေက ဘာတွေလဲဆိုတာ တိတိကျကျ ထင်သာမြင်သာမဖြစ်တော့ မှတ်ပုံတင်ရေးမတင်ရေး ပြောဖို့ခက်ပါတယ်။ ရွေးကောက်ပွဲဥပဒေပြင်ဆင်ချက်ကလည်း တရား၀င် ထွက်မလာသေးပါဘူး။
အရေးအကြီးဆုံးအချက်က `၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်´နဲ့ `လေးစားလိုက်နာရမည်´ဆိုတာ ဘယ်လောက်ကွာခြားသလဲဆိုတာပါပဲ။ ၂၀၀၈ အခြေခံဥပဒေကို မပြင်လိုတော့ပါဘူးလို့ ကတိပေးလိုက်ရာရောက်သွားရင်တော့ သွားပြီ။

NLD က ၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲကို ကန့်ကွက်မဲပေးခိုင်းခဲ့တယ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ မှတ်ပုံမတင်ခဲ့ပဲ ပြည်သူတွေကို မဲမပေးပဲနေဖို့ပြောခဲ့တယ်။
အခြေအနေအရ အပေးအယူရထားလို့ (သို့) ရပ်တည်ဖို့ခက်ခဲလို့ မှတ်ပုံတင်မယ်ဆိုရင်လည်း ရွေးကောက်ပွဲတော့ လုံး၀မ၀င်သင့်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ -
၁) နိုင်ငံရေးအကျဉ်းသားတွေ (အဓိကက ၈၈ မျိုးဆက်ကျောင်းသားတွေ)ကျန်နေသေးတယ်၊
၂) ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေကို အပြင်းအထန်ထိုးစစ်ဆင်နေတယ်(ငြိမ်းချမ်းရေးက ဝေးနေသေးတယ်)၊
၃) ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မယ့်အရိပ်အယောင် အခင်းအကျင်း ဘာမှမတွေ့ရသေးဘူး။
ခုနပြောခဲ့သလို အရေးအကြီးဆုံးအချက်က ဘာတွေကိုပဲ အပေးအယူအလျှော့အတင်းလုပ်လုပ် ၂၀၀၈ အခြေခံဥပဒေ ပြင်ဖို့ကိုတော့ ဆုပ်ကိုင်ထားရမယ့် အခြေခံမူအဖြစ် သဘေားထားသင့်ကြောင်းပါဗျာ။

မောင်နောက်တိုး(မန္တလေး)

NLD ပါတီကို မှတ်ပုံတင်သင့် မတင်သင့်နဲ့ပါတ်သတ်လို့ ကတော့ မှတ်ပုံတင်သင့်ပါတယ်လို့ တစ်ထစ်ချ ပြောချင်ပါတယ်။

ဘာကြောင့်လဲ ..... ပြည်သူတွေရဲ့ ကောင်းကျိုးအတွက်ပါ..........
ပြည်သူချစ်တဲ့ ပါတီဟာ နည်းမျိုးစုံနဲ့ ဒီမိုကရေစီအတွက် ကြိုးစားခဲ့ရာမှာ အောင်မြင်သင့်သလောက် အောင်မြင်ပါတယ် ...အခုအချိန် မြန်မာ့နိုင်ငံရေး အခြေအနေတွေဟာ အပြုသဘောဘက်ကိုအမှီပြုပြီး ယုံကြည်မှုတည်ဆောက်နေကြရတာမျိုးပါ....ဒီအချိန်ဟာ
အလွန်ရေးကြီးပြီး တစ်ခုခုလွဲချော်မှုသာဖြစ်ခဲ့ရင် နိုင်ငံရေးတိုးတက်မှုပုံမြင်ကွင်းဟာ U-turn လှည့်သွားနိုင်ပါတယ်


2008 constitutionပ မှာပါ၀င်တဲ့ပါတီများမှတ်ပုံတင်ခြင်းဥပဒေက အစပြုလို့ NLDက ဒီမိုကရေစီ စံနှန်းနဲ့မကိုက်သဖြင့် မကြိုက်တဲ့ ဘယ်ပြဋ္ဌာန်းချက်ဥပဒေကိုမဆို နောက်ပိုင်းမှာ ပြုပြင်ယူနိုင်ပါတယ် ဘယ်အရာမဆို ကိုယ်ဖြစ်ချင်သလို ရာနုန်းပြည့် မဖြစ်နိုင်ပါဘူး။

ကိုယ့်ဘက်ကလည်း လိုက်လျောသင့်တာ ကိုလိုက်လျောမှုပြုပေးရပါမယ် ။ လိုချင်တာမရလို့ တစ်ဖက်နှင့်တစ်ဖတ် တင်းခံနေကြရင် အရှေ့အလယ်ပိုင်းပြသနာတွေလို ကာလကြာရှည်မပြီးဆုံးနိုင်ဘဲ ပြသနာထဲမှာပဲ တဝဲဝဲလည်နေပါလိမ့်မယ်။


အောင်ကိုလတ်(မကွေးမြို့နယ်)

ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။