နောက်ဆုံး ရေးသားချိန် 7 နိုဝင်ဘာလ 2011 - 16:52 GMT

ရွေးကောက်ပွဲတနှစ်ပြည့်ပြီ သောတရှင်တို့ ဘာတွေခံစားမိလဲ

မီဒီယာ ပလေးယား

နိုဝင်ဘာလ ရ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာ တနှစ်ပြည့်တဲ့ နေ့ဖြစ်ပါတယ်။

သုံးသပ်သူတချို့က မြန်မာနိုင်ငံမှာ နိုင်ငံရေးပြောင်းလဲတိုးတက်မှု တချို့ တွေ့လာရတယ်လို့ ဆိုပါတယ်။

သောတရှင်တို့အနေနဲ့ကော နိုင်ငံရေး စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ နယ်ပယ်တွေမှာ ဘာတွေ တိုးတက် ခံစားလာနေရပါပြီလဲ ။

အထူး အစီအစဉ်အဖြစ် နိုဝင်ဘာလ ရ ရက်နေ့ တနင်္လာနေ့ လွတ်လပ်အတွေးအစီအစဉ်မှာ သောတရှင်တွေရဲ့ အတွေ့အကြုံတွေကို ပါဝင်ဆွေးနွေးထားကြတာကို နားဆင်နိုင်ပါတယ်။

အီးမေးနဲ့ပေးပို့ဆွေးနွေးသူများ

အောက်ခြေလူတန်းစားက ရွေးကောက်ပွဲ တနှစ်အကြာ ဘာတွေ အကျိုးထူးခံစားရပြီ လဲ ဆိုတော့ ဂျာနယ်ဖိုး ပိုက်ဆံ အပိုကုန်တယ်။

ဒေါ်စု ပုံ ပါရင် ၀ယ်ရလွန်းအားကြီးလို့၊ ကားဆိုတော့လည်း ကားပေါ့၊ မြစ်ဆုံဆိုတော့လည်းမြစ်ဆုံပေါ့ ၊အခုတော့လည်း ဘာမှဖြစ်မလာမှန်းသိတော့ ရိုးသွားပြန်တာပါပဲ။

လွှတ်လိုက်တာက လူကောင်းနဲနဲ လူဆိုးများများဆိုတော့ခိုးမှုတွေ ကလေးပျောက်မှုတွေနဲ့ ကျီးလန့်စာစားပေါ့ ။

ဒီကြားထဲ မြို့လည်ခေါင်ဗုံးတွေတွေ့ တာ ရှင်းဖို့ အချိန် (၅)နာရီလောက်ယူရလေတော့ စဉ်းစားသာကြည့်တော့ပေါ့။

အိမ်ခန်းငှားခတွေဈေးတက်လာတယ် ကုန်ဈေးနှုန်းက မကျဘူး ဒေါ်လာကဈေးကျနေတယ်၊ အလုပ်သမားတွေလည်း အနိုင်ကျင့်ခံနေရတုန်းပဲ။ အပြင်ဆေးခန်းတွေကလည်း လုပ်ချင်သလိုလုပ်နေကြတုန်းပဲ။ လိုင်းကားတွေကလည်းမောင်းချင်သလိုမောင်း ရပ်ချင်သလိုရပ် ။

ရဲ ကလည်းချဲဒိုင်မှာပိုက်ဆံတောင်းကောင်တုန်း။ လူတစ်ဦးချင်းစီ အဖွဲ့ အစည်းတစ်ခုစီရဲ့ အမှားတွေကို လိုက်ထောက်နေရင် ပြီးမှာ မဟုတ်ဘူးဆရာရေ လုပ်လို့ ရလို့ လုပ်နေကြတာပါ။

ရန်ကုန်က သောတရှင်တဦး

မြန်မာ့စီးပွားရေးမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင် အများစုက လွှမ်းနေတာမြင်တွေ့နေရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကနဲ့ ရွေးကောက်ပွဲနောက်ပိုင်းမှာ ဆိုလို့ရှိရင် ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက သိသိသာသာလွှမ်းမိုးလာပါတယ်။ နောက်တခါ တချို့လုပ်ငန်းတွေမှာဆိုရင် တရုတ်စကားမတတ်လို့ရှိရင် အလုပ်မခန့်ဘူးဆိုတာတွေဖြစ်လာပါတယ်။
မြန်မာနိုင်ငံမှာ မြန်မာဘာသာစကားက ရုံးသုံးဘာသာစကားဖြစ်နေတဲ့အချိန်မှာ တရုတ်စကားမတတ်ရင် အလုပ်မခန့်ဘူးဆိုတာ ဘာ့ကြောင့်လဲဆိုတဲ့မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ တရုတ်လုပ်ငန်းရှင်တွေပိုင်တဲ့ ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ သိပ်များနေပြီလား.. ဒါမှမဟုတ် မြန်မာစကားမတတ်တဲ့ တရုတ်တွေကြောင့်လား... စသည်အားဖြင့်ပေါ့...

ကိုမိုးမြင့် သြစတြေးလျ

ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။