နောက်ဆုံး ရေးသားချိန် 23 နိုဝင်ဘာလ 2011 - 16:00 GMT

ရွေးကောက်ပွဲဝင်မယ့် အန်အဲဒီ ဘာတွေ ပြင်ဆင်ထားသင့်သလဲ

မီဒီယာ ပလေးယား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

ဒီလိုဆုံးဖြတ်တာဟာ နိုင်ငံရဲ့ အနာဂတ်အတွက်လို့ ပြောပါတယ်။

ဒီတော့ အန်အဲဒီအနေနဲ့ လွှတ်တော် ထဲကနေ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာအောင် ဘယ်လောက်လုပ်နိုင်မယ်လို့ ထင်ပါသလဲ။

အန်အဲဒီအနေနဲ့ သူတို့ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖေါ်နိုင်အောင် ဘာတွေ ပြင်ဆင်ထားသင့်ပါသလဲ

သောတရှင်တွေရဲ့ အတွေးအမြင်တွေကို နိုဝင်ဘာလ ၂၃ ရက် လွတ်လပ် အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

သောတရှင်တွေနဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင် နဲ့ အမေရိကန်ပြည်ထောင်စု အင်ဒီယာနားတက္ကသိုလ်က ဖွဲ့စည်းပုံဆိုင်ရာ ဌာန လက်ထောက် ဒါရိုက်တာ ဒေါက်တာ ဆလိုင်းငုန်ကျုံးလျံ တို့လဲ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

အီးမေးနဲ့ ဆွေးနွေးသူများ


အန်အယ်ဒီ ပါတီဟာ ရွေးကောက်ပွဲ၀င်တော့မယ်ဆိုရင် ရွေးကောက်ပွဲကြေညာစာတမ်း ထုတ်ပြန်ရပါ့မယ်။

ထိုရွေးကောက်ပွဲကြေညာစာတမ်းမှာ ဘယ်နိုင်ငံရေးအိုင်ဒီအိုလော်၈ျီ(Political Ideology) ကိုကိုင်စွဲထားသလဲ၊ ဥပမာ လက်ယာပါတီ လက်ဝဲပါတီ(ကွန်မြူနစ်၊ဆိုရှယ်လစ်၊ဆိုရှယ်ဒီမိုကရက်)စသဖြင့်ထိုနိုင်ငံရေးအိုင်ဒီအိုလော်ဂျီကိုအခြေခံတဲ့ စီးပွါးရေးမူဝါဒ လုပ်ငန်းစဉ်ကို ကြေညာရပါ့မယ်၊ ဥပမာ၊ ဆိုရှယ်လစ်ဈေးကွက်စီးပွါးရေးစနစ်၊ အရင်းရှင်ဈေးကွက်စီးပွါးရေးစနစ်..စသဖြင့် နိုင်ငံခြားရေးမူဝါဒ ပညာရေး၊ကျန်းမာရေး၊ယဉ်ကျေးမှုဆိုင်ရာမူဝါဒတွေ ပါ၀င်ဖို လိုအပ်ပါတယ်။

ထိုကြေညာစာတမ်းနဲ.အတူတူ.ယုံကြည်ပြီးအကောင်အထည်ဖေါ်နိုင်မဲ့..ပါတီ၀င်တွေစုစည်းဖို.လိုအပ်ပါတယ်၊

အောက်ခြေထုကိုအခြေခံတဲ့နိုင်ငံရေးပါတီနဲ.လူထုစကားကိုနားထောင်တဲ့၊ လူထုလိုလားချက်ကို မှန်ကန်ပြည့်၀စွာ အကောင်အထည်ဖေါ်နိုင်တဲ့ပါတီဖြစ်ဖို့ ပြင်ဆင်လေ့ကျင့်ဖို.လိုအပ်ပါတယ်။

အဲဒါမျိုးတွေကိုချပြနိုင်တဲ့ပါတီဖြစ်မှလူထုကိုယ်စားပြုပါတီဖြစ်ပါ့မယ်။

နိုင်မင်း၊ အော်စလို၊နော်ဝေးနိုင်ငံ

ဘာမှ အလုပ်သေးပဲ စောင့် ကြည့်ပြီး အချိန်ဖြုန်းနေတာနဲ့ စာရင် ခုလိုမှတ်ပုံတင်ပြီး ရွေးကောင်ပွဲ ဝင်ကာ ပူပေါင်းဆောင်ရွက်တာဟာ အကောင်းဆုံးနည်းလမ်းပါပဲ။ ဘာမှ မလုပ်ပဲ ဘေးရောက်နေတာနဲ့ စာရင် လွှတ်တော်ထည်းမှာက ပြည့်သူ့အကျိုးကို နည်းနည်းပဲ ဖြစ်ဖြစ် ထမ်းနိုင်မှာ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရည်အချင်းရှိသော်လည်း တိုင်းပြည်နဲ့ ပြည်သူကို ဘာမှ လုပ်မပေးနိုင်သေးတဲ့ ရှည်လျားလှတဲ့ နှစ်တွေကို နှမြောမိတယ်။

ဦးမင်းအောင်၊ မလေးရှား

၁၉၉၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ လူထုရဲ့ ဆန္ဒကို အကောင်အထည်မဖေါ်နိုင်ခဲ့တာအတွက် အန်အဲဒီက မဲဆန္ဒရှင်တွေကို တောင်းပန်ရပါမယ်။

အဖွဲ့ဝင်သစ်တွေ စုဆောင်းလေ့ကျင့်ပြီး စစ်တပ်ကိုပြုပြင်ပြောင်းလဲနိုင်ရေး အပတ်တကုတ်ကြိုးစားဆောင်ရွက်ရမယ်။

ပညာရေး စီးပွားရေး တရားစီရင်ရေးစနစ်တွေမှာ ခိုင်မာတဲ့ နည်းဗျူဟာတွေချ အလေးထားဆောင်ရွက်ဖို့ လိုတယ်။

ကိုသာဟန် ယူကေ

NLD လွှတ်တော်ထဲရောက်ရင် ၂၀၁၅နောက်ပိုင်းConstitution ကိုတောင် ပြင်လာနိုင်မှာပါ။

ယင်းမတိုင်ခင်မှာလည်း ပြင်နိုင်စရာတွေအများကြီးရှိပါတယ်။

၁။ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်၊အားလုံးကိုလွှတ်ပေးရမယ် ဆိုတဲ့အဆိုတစ်ရပ်တင်သွင်းပြီး Democratic line ကပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။

၂။ KIA ပြသနာ အပါအ၀င် တိုင်းရင်းသားတွေရဲ့ ပြသနာကို နိုင်ငံရေးအရဆောင်ရွက်ဖို့အဆိုပြုဆောင်ရွက်နိုင်ပါတယ်။

၃။ တရားဥပဒေစိုးမိုးရေး၊လူ့အခွင့်အရေးတွေအတွက်လည်းတရား၀င်တောင်းဆိုရလာနိုင်ပါမယ်။

၄။လွှတ်တော်ထဲမှာလည်း အတိုက်အခံပါတီကြီး ရှိလာပြီး လက်ရှိအာဏာရပါတီနဲ့ ပါတီလေးတွေပူးပေါင်းမှုကိုလည်းတွန့်ဆုတ်စေပါမယ်။

NLD ဦးဆောင်မှုနဲ့သာ ပြည်ထောင်စုဒီမိုကရက်တစ်မြန်မာနိုင်ငံကကကကို တည်ဆောက်နိုင်မယ်လို့မြင်ပါတယ်။

ဦးဝေစိန်အောင် ။စစ်တွေ။

အန်အဲဒီနဲပတ်သက်ပြီးပြောချင်တာက၊ ရွေးကောက်ပွဲ ဝင်မယ်လို့ဆုံး ဖြတ်လိုက်တာဟာ စောလွန်းတယ် လို့ ထင်ပါတယ်။

နေရာမရမှာစိုးလို့ အလောတကြီးလုပ်နေသလို မြင် နေရပါတယ်။

ရွေးကောက်ပွဲမဝင်လဲအန်အဲဒီပါတီဟာပြည်သူတွေကြားမှာ အနိုင်ရပြီးသားပါ။

ဘိုဘို ၊အော်စလို ၊နော်ဝေးနိုင်ငံ

အန်အဲဒီ မှတ်ပုံတင်တာကို ကြိုဆိုပါတယ်။ အန်အဲဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

တိုင်းရင်းသားတွေ ပဋိပက္ခ ဖြေရှင်းရေးကိုလည်း မေ့တားမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။

မိုင်ဂျာ လွယ်ဂျယ် ကချင်ပြည်နယ်

နားဆင်ပြီး တခုခု ပြောလိုရင် ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။