နောက်ဆုံး ရေးသားချိန် 30 နိုဝင်ဘာလ 2011 - 18:00 GMT

ဟီလာရီခရီးစဉ်က ဘာမျှော်လင့်နိုင်မလဲ

မီဒီယာ ပလေးယား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နိုဝင်ဘာ ၃၀ ရက်နေ့ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် သွားရောက်ပါတော့မယ်။

ဒီခရီးစဉ်အပေါ် သွားသင့်တဲ့ အချိန်လို့ ပြောသူရှိသလို အချိန်မကျသေးဘူးလို့ ဆိုသူတွေလဲရှိနေပါတယ်။

သောတရှင်တွေကကော ဘယ်လိုယူဆကြပါသလဲ

သောတရှင်တို့အနေနဲ့ ဒီခရီစဉ်ကနေ ဘာတွေမျှော်လင့်နိုင်မလဲ

သောတရှင်တွေနဲ့အတူ ထိုင်းနိုင်ငံ ဇင်းမယ်တက္ကသိုလ် Open University က ပါမောက္ခဝင်း ခေါ် ကမ္ဘောဇဝင်း နဲ့ ပြည်သူ့ခေတ်ဂျာနယ်ရဲ့ အတိုင်ပင်ခံ အယ်ဒီတာ စာရေးဆရာ မောင်ဝံသတို့ပါဝင်ဆွေးနွေးထားတာကို နားဆင်နိုင်ပါတယ်။

အီးမေးနဲ့ဆွေးနွေးသူများ

ယနေ့ အမေရိကန်နိုင်ငံသည် ကမ္ဘာမှာ ပြိုင်ဘက်မရှိ စူပါ ပါဝါ နိုင်ငံကြီးဖြစ်သလို ကမ္ဘာပေါ်မှာ အာဏာရှင်နိုင်ငံအမျိုးမျိုးကို ဒီမိုကရေစီနိုင်ငံများဖြစ်လာရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ နိုင်ငံကြီးလည်း ဖြစ်သလို မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ပြောင်းလဲဖို့ရန် အတိုက်အခံအင်အားစုများကို ရုပ်ပိုင်းရော စိတ်ပိုင်းပါ အများဆုံး အကူအညီပေးနေတဲ့ နိုင်ငံကြီးဖြစ်ပါတယ်။

ယနေ့ ဦးသိန်းစိန်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်၏ အန်အယ်ဒီပါတီကို အတူပူးပေါင်းပြီး ဒီမိုကရေစီ ဖော်ဆောင်ဖို့ အဓိက ဆောင်ရွက်ကူညီသူမှာလည်း အမေရိကန်ပဲ ဖြစ်ပါတယ်။

အန်အယ်ဒီပါတီကြီးသည် တရားဝင်ပါတီအဖြစ်ပြန်လည် ရွေးကောက်ပွဲဝင်မယ့် ကိစ္စကိုလည်း မြန်မာပြည်သူတွေက တခဲနက်ကြိုဆိုနေပါပြီ။ မစ္စစ်ကလင်တန်က မြန်မာပြည်ကိုလာပြီး ဦးသိန်းစိန်အစိုးရကို သူကောင်းပြု ချီးကျူးဖို့ မဟုတ်ပါဘူး၊ အစိုးရဘက်က ပြင်ရမယ့် အချက်တွေ လိုက်ရော ပြောင်းလဲပေးရမယ့် အချက်တွေကို အဓိကပြောမှာပါ။

ယနေ့အထိ စီးပွားရေး ပိတ်ဆို့ထားတာကို ဖွင့်မပေးသေးတာကိုကြည့်ရင် ဦးသိန်းစိန်အစိုးရသည် မြန်မာပြည်သူတွေအတွက် စိတ်ချရမည့် ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်တဲ့အထိ အမေရိကန်က ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် မစ္စစ်ကလင်တန် ယခုအချိန်မှာ ရောက်လာခြင်းသည် အလွန်သင့်တော်ကောင်းမွန်တာကြောင့် ကြိုဆိုသင့်ပါကြောင်း။

ဦးဖိုးသာအောင် နော်ဝေး

အမေရိကန်အစိုးရအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းရေးကို တဆင့်ပြီးတဆင့် လုပ်သွားမှာ ဖြစ်တဲ့အတွက် သာမန်ပြည်သူတဦးအနေနဲ့ အခုအချိန်မှာ ဘာမှ မမျှော်လင့်နိုင်သေးပါဘူး။

လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးအတွက် လူထု အခြေပြုအဖွဲ့အစည်းတွေ အစိုးရတာဝန်ရှိသူတွေနဲ့ အမေရိကန်တို့ အတူလုပ်ဆောင်သွားရင် လူထုအကျိုးရှိလာနိုင်ပါတယ်။

ကိုအာကာမင်း ရန်ကုန်

ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။