သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရန်ကုန်ကို နိုင်ငံတကာ အဆင့်မီမြို့ဖြစ်အောင် ဘာတွေ အဓိက လုပ်သင့်လဲ

  • 7 ဒီဇင်ဘာ 2011

တချိန်က မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ကြီးယိုယွင်းလာနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လစ်လျူရှုခံနေရတယ်ဆိုတဲ့ သဘော ပြောဆိုသံတွေ ကြားနေရပါတယ်။

မကြာခင်ကဘဲ ရန်ကုန်မြို့ကို စင်္ကာပူနိုင်ငံလို ဖြစ်အောင် လုပ်ဆောင်ဖို့ သမ္မတဦးသိန်းစိန်က လမ်းညွှန်ခဲ့တယ်လို့ သိရပါတယ်။

ဒီတော့ ရန်ကုန်မြို့ကို နိုင်ငံတကာ အဆင့်မီ မြို့ကြီး ဖြစ်လာအောင် အစိုးရပိုင်းက ဘာတွေ အဓိက စလုပ်သင့်သလဲ။

လူထုအနေနဲ့ ကော ဘာတွေ လုပ်သင့်ပါသလဲ

သောတရှင်တွေရဲ့ အတွေးအမြင်ကို ဒီဇင်ဘာလ ရ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ဆွေးနွေးခဲ့ကြရာမှာ သောတရှင်တွေနဲ့အတူ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ မြဉာဏစိုး( ရန်ကုန်တိုင်းအမှတ် ၄ မဲဆန္ဒနယ်) နဲ့ မြို့ယာနဲ့အိုးအိမ်ဦးစီးဌာနအငြိမ်းစားညွှန်ကြားရေးမှုးချုပ် ဦးအံကျော် တို့ကို ပါဝင်ဆွေးနွေးပေးထားပါတယ်။

အီးမေးနဲ့ဆွေးနွေးသူများ

တချိန်က အရှေ့တောင်အာရှမှာ အလှပဆုံးအတိုးတက်ဆုံး မြို့တော်ဖြစ်ခဲ့ပေမယ့် အခုတော့ အညစ်ပတ်ဆုံး မြို့ကြီးဖြစ်နေပါပြီ။

စည်းမရှိ ကမ်းမရှိ ရောင်းနေကြတဲ့ လမ်းဘေးစျေးသည်တွေနဲ့ ပလက်ဖေါင်းပျောက်သလောက်ဖြစ်နေပါပြီ၊ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားတဲ့ အမှိုက်တွေ ပိတ်ဆို့နေတဲ့ရေမြောင်းတွေ၊ မစင်ပိုက်ကယိုထွက်လာတဲ့ ရေဆိုးတွေဟာ အော့နှလုံးနာစရာပါ၊

မြို့တော်စည်ပင်မှာ ဥပဒေအမျိုးမျိုးရှိနေပြီး တာဝန်မဲ့ ဝန်ထမ်းတွေ၊ စည်းကမ်းမရှိတဲ့ လူတွေကြောင့် ဒီနိုင်ငံ ဒီမြို့တော် အဘယ်ကဲ့သို့ စင်္ကာပူနိုင်ငံလို ခေတ်မှီတိုးတက်အောင် လုပ်ကြမလဲ?

နိုင်ငံရပ်ခြားကအတွေ့အကြုံရှိတဲ့ ပညာရှင်တွေ၊အင်ဂျင်နီယာတွေကိုခေါ်ပြီး လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေး တည်ဆောက်မှ ခေတ်မှီလှပတဲ့ မြို့တော်ဖြစ်လာပါမယ်။

ဦးမြတ်နိုင် (ရန်ကင်း)

(၁) မြို့အတွင်းလမ်းမပေါ် နှင့် လူနေအိမ်ကြားလမ်းများ ဈေးများတွင် ရှိသောအမှိုက်များကို စနစ်တျ စွန့်ပစ်နိင်ရန် နေရာအနှံ့ အမှိုက်ပုံး Plasticbin များထားပေးရန်

(၂) မြို့တွင်းလမ်းဘေး ရေနုတ်မြောင်းအသေး၊ရေထုတ်မြောင်းအကြီးများအား စင်္ကာပူကဲ့သို့ ရေဆင်းကောင်းအောင်တည်ဆောက်ရန်

(၃)ကားလမ်းများအားအရည်သွေးမှီ ပြုပြင်ဖောက်လုပ်ရန်၊ လူစည်ကားသောနေရာများတွင် အဆင့်မှီ သန့်စင်ခန်းများတည်ဆောက်ရန်

ကိုကျော်ဝေ

MRT ရထား ဘတ်စကား တက္ကစီ လမ်းကြီးလမ်းငယ် အဝေးပြေးလမ်းမကြီး ကောင်းသောကုန်သွယ်မှု ကောင်းသော သယ်ယူပို့ဆောင်ရေး စတာတွေကို ပထမလုပ်ရပါမယ်။

ကောင်းလတ်စိုး စင်္ကာပူ

လူထုအနေနဲ့ စည်းကမ်းရှိဖို့ အရင်ဆုံး ပြင်းပြင်းထန်ထန်လုပ်သင့်ပါတယ်၊ ဥပမာ၊ လမ်းပေါ်ကွမ်းတံတွေးထွေးတာ မျိုး ၊စည်းကမ်းမဲ့အမှိုက်ပစ်တာမျိုး အစိုးရပိုင်းက လမ်းပိုင်းကောင်းအောင် ၊ မီး၊ ရေပိုင်း ကောင်းအောင် လုပ်ပြီးတဲ့အချိန်နဲ့ အံကိုက်ဖြစ်အောင် စည်းကမ်းပိုင်း အရင်လုပ်ထားမှဖြစ်မယ်လို့ထင်ပါ တယ်၊ လူတွေစည်းကမ်းမရှိရင် အစိုးရပိုင်းကကောင်းအောင်လုပ် လည်းပြန်ပျက် မှာလို့ထင်ပါတယ်။

ဦးမောင်မောင်, ရန်ကုန်

ပထမ လမ်းတွေ ပြင်ဖို့ လို၊ ဒုတိယ သတင်းမီဒီယာကို ပွင့်လင်းတိုးတက်အောင်လုပ်ဖို့၊အဆောက်အအုံသစ်တွေ ဆောက်လုပ်ဖို့နဲ့၊လူတွေရဲ့ အပြုအမူနဲ့ သဘောထားတွေပြောင်းဖို့လိုပါတယ်။

မော်လမြိုင်က စောနေနေ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကောင်စီကို မြို့တော် သာယာဖွံဖြိုးကောင်စီကို မြို့တော်ဖွံဖြိုးရေးကို စိတ်ဝင်တစား လုပ်ချင်ကြတဲ့ မျိုးဆက်သစ်လူငယ်တွေနဲ့ ပြင်ဆင်ဖွဲ့ပြီး အဂတိလိုက်စားမှု မရှိဘဲ ဆောင်ရွက်ဖို့အကြံပြုပါတယ်။

ရန်ကုန်က ကိုပြည်ချစ်

ပညာရေးဖြင့် ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ ဟုဆိုသော စကားအတိုင်း နိုင်ငံတော်ခေတ်မီ ဖွံဖြိုး ရန်အတွက် ခေတ်မီသော ပညာရေးနည်းစနစ်လိုအပ်သည်။

စင်္ကာပူနိုင်ငံ ကဲ့သို့ တည်ဆောက်မည် ဆိုပါက စင်္ကာပူနိုင်ငံသားများကဲ့ သို့ စည်းကမ်းလိုက်နာနိုင်ရမည်။ မြန်မာနိုင်ငံ မှလူများသည် စည်းကမ်းမလိုက်နာကြ သူများ အလွန်များပြားလှသည်။

စင်္ကာပူ နိုင်ငံမှ လူများသည် စည်းကမ်းပိုင်းကို ကြပ်မတ်ကြသည်။ လမ်းများကို ပြုပြင် သင့်ပေသည်။ လူများ၏စိတ်ဓာတ်များကို လည်းပြုပြင် သင့်သည်။

ကိုကိုပိုင် ရန်ကုန်

ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။