သံဃာ့နာယက အဖွဲ့နဲ့ သံဃာတော်များအပေါ် ပိတ်ပင်တားမြစ်မှု

  • 19 ဒီဇင်ဘာ 2011
Shwe Nya Wah
Image caption မဟန အဖွဲ့ က ကျောင်းကထွက်ပေးဖို့ စာပို့ခံရသူ ရွှေညဝါ ဆရာတော်

မြန်မာနိုင်ငံမှာ ရဟန်းသံဃာတွေကို သံဃာ့ မဟာနာယက အဖွဲ့ က တားမြစ်အရေးယူမှုတွေ ပြုလုပ်နေပါတယ်။

တရားဟောပြောခွင့်ကို ပိတ်ပင် တားမြစ်တာတွေရှိသလို၊ အခုနောက်ဆုံး ရွှေညဝါ ဆရာတော်ရဲ့ ဖြစ်ရပ်မှာ ကျောင်းကနှင်ထုတ်ဖို့ စာပေးပို့တာမျိုးကိုလည်း ပြုလုပ်ခဲ့ပါတယ်။

အကျဉ်းချခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သံဃာတော်တွေအပေါ်မှာလည်း ဖိအားပေး အရေးယူတာမျိုးတွေ လုပ်ခဲ့ဖူးပါတယ်။

သံဃာ့ မဟာနာယကအဖွဲ့ရဲ့ ခုလို အရေးယူ ဆောင်ရွက်ချက်တွေဟာ လွတ်လပ်တဲ့ ဆောင်ရွက်ချက် ဖြစ်ပါသလား။

တိုင်းပြည်အပြောင်းအလဲ ကိစ္စတွေမှာ သံဃာတော်တွေဟာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်သင့်ပါသလဲ။

သောတရှင်တို့ အမြင် အတွေးတွေကို ဒီဇင်ဘာလ ၂၁ ရက် ဗုဒ္ဓဟူးနေ့ လွတ်လပ် အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ပါဝင်ဆွေးနွေးချင်တဲ့ သောတရှင်တို့ အနေနဲ့ ဖုန်းနံပါတ် ၀၀၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်သွယ်ပြီး တယ်လီဖုန်း အသံဖမ်းစက်ထဲမှာ မိမိပြောလိုရာကို ပြောကြားခဲ့ နိုင်ပါတယ်။ ( ဒီဖုန်းနံပါတ်မှာ ပြန်လည် ဖြေဆိုမယ့်သူ မရှိပါ။ ကိုယ်ပြောချင်တာကို ပြောထားခဲ့ဖို့သာ ဖြစ်ပါတယ်။ လူကိုယ်တိုင်နဲ့ စကားပြောဆို ဆက်သွယ်ချင်ရင်တော့ အဲဒီတယ်လီဖုန်း အသံဖမ်းစက်ထဲမှာ ကိုယ့်နာမည်၊ ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်တွေကို အသံသွင်းထားခဲ့ပါ။ ဘီဘီစီက ပြန်ခေါ်ပါမယ်)

အီးမေးလ်နဲ့ ဆက်သွယ်ချင်ရင်တော့ burmese@bbc.co.uk ကို ဆက်သွယ်နိုင်ပါတယ်။

အသံဖိုင်ကို အီးမေးလ်နဲ့လည်း ပေးပို့နိုင်ပါတယ်။