မီးဘေး အန္တရာယ်နဲ့ ပေါက်ကွဲ ပစ္စည်းများ

  • 2 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ပုဇွန်တောင် စက်ဆန်း မီးလောင် ပေါက်ကွဲစဉ်

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပုဇွန်တောင် မြို့နယ် စက်ဆန်းက ဂိုဒေါင်တလုံး မီးလောင်ကျွမ်းရာကစပြီး ယမ်းစိမ်း၊ ကန့်နဲ့ ဓါတုပစ္စည်းတွေ သိုလှောင်မှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေကို သိုလှောင်သိမ်းဆည်းမှုနဲ့ ပတ်သက်ပြီး သောတရှင်တို့ ဘယ်လောက် စိုးရိမ်ပူပန်မိပါသလဲ။

အန္တရာယ်ရှိ ပစ္စည်း သိုလှောင်မှု တွေကြောင့် အများပြည်သူ ဒုက္ခမရောက်ရအောင် ဘယ်လို ကာကွယ် တားဆီးသင့်ပါသလဲ။

သောတရှင်တို့ အမြင် သောတရှင်တို့ အတွေးတွေကို အခုလာမယ့် ဗုဒ္ဓဟူးနေ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ် အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဆွေးနွေးချင်တဲ့ သောတရှင်တွေ ဖုန်းနံပါတ် ၀၀၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကို ဆက်သွယ် ပြီး ပြောချင်တဲ့ အကြောင်းအရာကို ပြောထားခဲ့ နိုင်ပါတယ်။

ကိုယ့်ရဲ့နာမည်၊ ကိုယ်ရောက်ရှိတဲ့ တိုင်းပြည်နဲ့ ပြန်လည် ခေါ်ယူရမယ့် ဖုန်းနံပါတ်တွေကို တယ်လီဖုန်း အသံဖမ်းစက်ထဲမှာ ထားခဲ့ရင်လည်း ဘီဘီစီက ပြန်ခေါ်ပေးမှာ ဖြစ်ပါတယ်။

အီးမေးလ်နဲ့ ဆက်သွယ်ချင်ရင်တော့ burmese@bbc.co.uk အီးမေးလ်ကို ဆက်သွယ်နိုင်ပါတယ်။ ကိုယ်ပြောလိုရာကို အီးမေးလ်မှာ အသံဖိုင် ပူးတွဲပြီးလည်း ပေးပို့နိုင်ပါတယ်။