သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မီတာခ၊ စာပို့ခ၊ ဓါတ်ဆီစျေးတွေ ဘာ့ကြောင့်တက်

  • 11 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption လျှပ်စစ် မီတာခနဲ့ အခွန်အခတွေ စျေးတက်ရင်

မြန်မာနိုင်ငံမှာ လျှပ်စစ် ဓါတ်အားတွေ ပိုလျှံနေတယ်ဆိုပေမဲ့ မီတာခ ၄၀ ရာနှုန်း စျေးတက် သွားပါတယ်။ စာပို့ခနှုန်းထားလည်း ၁၀၀၀ ရာခိုင်နှုန်း စျေးတက်သွားပါတယ်။ မြို့ပတ်ရထားလက်မှတ်ကလည်း ၁၀ ကျပ်ကနေ ကျပ် ၁၀၀ အထိ ဆယ်ဆ စျေးတက်သွားပါတယ်။ တချိန်တည်းမှာပဲ ဓါတ်ဆီစျေးကတော့ ၃၀ ရာခိုင်နှုန်း စျေးတက်သွားပါတယ်။ ခရီးဝေး မီးရထားခတွေလည်း စျေးတက်သွားသလို တယ်လီဖုန်း ခေါ်ဆိုခတွေလည်း စျေးတက်သွားပါတယ်။

အခုလို အများပြည်သူဝန်ဆောင်ခနဲ့ သယ်ယူပို့ဆောင်ရေး အဓိက လောင်စာဆီတွေ စျေးနှုန်း မြင့်တက်သွားတဲ့ အတွက် လူတွေရဲ့ နေ့စဉ်ဘဝ အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်ပါသလဲ။ ဘာတွေ အခက်အခဲ ကြုံတွေ့ရပါသလဲ။

ဘာ့ကြောင့် အခုလို စျေးနှုန်းတွေ မြင့်တက်လာတယ်လို့ ထင်ပါသလဲ။

ကိုယ်တိုင် ကြုံတွေ့ခံစားကြရတဲ့ သောတရှင်တွေနဲ့ အတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး၊ စင်္ကာပူရောက် စီးပွားရေး ပညာရှင် ဒေါက်တာ မြင့်မိုးချစ်တို့ ပါဝင်ဆွေးနွေးထားပါတယ်။