နောက်ဆုံး ရေးသားချိန် 13 ဇန်နဝါရီလ 2012 - 17:15 GMT

နိုင်ငံရေး အကျဉ်းသား လွှတ်တာ ဘယ်လိုမြင်သလဲ

မီဒီယာ ပလေးယား

နိုင်ငံတော်သမ္မတက အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေး ဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ရေး အတွက် အကျဉ်းသား ၆၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။

ဒီအထဲမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်မင်းကိုနိုင်အပါအဝင် ထင်ရှားတဲ့နိုင်ငံရေး အကျဉ်းသားတွေ နဲ့ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် တို့လို ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်မလွှတ်သေးတာကြောင့် အပြောင်းအလဲတကယ်လုပ်ပါ့မလားလို့ အားလုံးက သံသယ ရှိနေခဲ့ကြတာဆိုတော့

နိုင်ငံရေး အကျဉ်းသား တွေ ပြန်လွှတ်ပေးတာဟာ မြန်မာနိုင်ငံမှာ အခုမှ တကယ် စာမျက်နှာသစ် စလိုက်တာလား အကောင်းဘက်ကို မျှော်လင့်နိုင်ပြီလား

အခုအချိန်မှာ ပြန်လွှတ်ခဲ့တာဟာ ဘာကြောင့်လဲ သောတရှင်တွေရဲ့သဘောထား အမြင်တွေကို ဇန်နဝါရီလ ၁၃ ရက် သောကြာနေ့ ညပိုင်း လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အထူးအစီအစဉ်မှာ ဆွေးနွေးထားကြပါတယ်။

ဆွေးနွေးခန်းကို နားထောင်ပြီး တခုခုပြောလိုရင် ဘီဘီစီကို ဖုန်းနဲ့ဖြစ်စေ burmese@bbc.co.uk ကိုအီမေးလ်နဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

တယ်လီဖုန်းနဲ့ ဆက်သွယ်မယ်ဆိုရင် ၀၀ ၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကိုအမြန်ဆက်သွယ်ကြဖို့ ဖိတ်ခေါ်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။