နိုင်ငံရေး အကျဉ်းသားများ လွှတ်တဲ့အပေါ် ဘယ်လိုမြင်သလဲ

  • 13 ဇန်နဝါရီ 2012
အကျဉ်းသားများပြန်လွတ်လာစဉ် ဓာတ်ပုံ မူပိုင် Reuters
Image caption အကျဉ်းသားများပြန်လွတ်လာစဉ်

နိုင်ငံတော်သမ္မတက အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေး ဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ရေး အတွက် အကျဉ်းသား ၆၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ ဒီအထဲမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်မင်းကိုနိုင်အပါအဝင် ထင်ရှားတဲ့နိုင်ငံရေး အကျဉ်းသားတွေ အများအပြားပါဝင်ပါတယ်။

အခုနောက်ဆုံးနိုင်ငံရေး အကျဉ်းသားပြန်လွတ်တဲ့အပေါ် သောတရှင်တွေရဲ့သဘောထား အမြင်တွေကို ဒီကနေ့ညပိုင်း လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အထူးအစီအစဉ်ကနေ ဖိတ်ခေါ်ပါတယ်။

ပါဝင်ဆွေးနွေးကြမယ့် သောတရှင်တွေ ဘီဘီစီကို ဖုန်းနဲ့ဖြစ်စေ burmese@bbc.co.uk ကိုအီမေးလ်နဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

တယ်လီဖုန်းနဲ့ ဆက်သွယ်မယ်ဆိုရင် ၀၀ ၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကိုအမြန်ဆက်သွယ်ကြဖို့ ဖိတ်ခေါ်ပါတယ်။