သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သင်္ကြန်ကာလ ဝတ်စားမှု ခေတ်ရေစီးကြောင်းလား

  • 18 ဧပြီ 2012
ဓာတ်ပုံ မူပိုင် Reuters

နှစ်သစ်လည်းကူးပြီ၊သင်္ကြန်လဲ ဒီနှစ်ဆို တဝကြီး ၅ ရက်ကြီးများတောင် ကျခဲ့ ပျော်ခဲ့ကြပြီးပါပြီ။

ဒီနှစ် သင်္ကြန်ကာလ အတွင်း အင်တာနက် online facebook တွေနဲ့ လူတွေ ကြား ပြောစရာ ဖြစ်ခဲ့တာက ဝတ်စားဆင်ယင်မှုတွေ ပါဘဲ။

တချို့က ယဉ်ကျေးမှုအရ အမြင်မတော်ဘူး ပြောကြသလို တချို့ကလည်း ခေတ်ရေစီးကြောင်းလို့ ပြောကြပါတယ်။

ဒါနဲ့ပတ်သက်လို့ သောတရှင်တွေရဲ့ အတွေးအမြင်အယူအဆတွေကို အခု ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သောတရှင်တွေနဲ့အတူ စွယ်စုံ အနုပညာရှင်ကြီး ဦးဝင်းဖေ နဲ့ မြန်မာနိုင်ငံက စာရေးဆရာမ ဒေါ်နုနုရီအင်းဝ တို့ဆွေးနွေးထားတာကို နားဆင်နိုင်ကြပါတယ်။

အီးမေးနဲ့ ပေးပို့သူများ

ကဲ......ဘယ်လိုလုပ်ကြမလဲ....မြန်မာသင်္ကြန်မှာ ပေါင်တို တွေတော်တော်ထွက်လာတယ် ၊ ယဉ်ကျေးမှု့ပျောက်မှာကိုစိုးရိမ်ပါတယ်၊ ခေတ်မှီတာကို ကို လက်ခံပါတယ်၊ ခေတ်လွန်တာကိုတော့ ဒီတိုင်းကြည့်မနေသင့်ဘူး၊ ယဉ်ကျေးမှုတွေပျောက်ပျက်ကုန်ရင် ဗိုလ်ချုပ်ပြောသလိုဖြစ်ကုန်မယ်နော်....

ပိုးဖြူ

Generation Gap ဆိုတာ မြန်မာပြည်မှာမှ ရှိတာမဟုတ်ပါဘူး။ နိုင်ငံတိုင်း နေရာတိုင်းကြုံနေရတဲ့ကိစ္စပါ။ ဘယ်သူဘာဝတ်ဝတ် သူတို့မှာ ရိုးရာထိန်းသိမ်းမယ်ဆိုတဲ့ အသိစိတ်လေးနဲ့ ရိုးရာမပျောက်အောင် (ဥပမာ မြန်မာမလေး စကတ်တိုဝတ်ပေမယ့်၊ ထဘီ ဘယ်လိုဝတ်လဲ မမေ့ရင်၊ လူငယ်လေးတယောက် ဘယ်လို အနောက်တိုင်းသီချင်းပဲ နားထောင်နေပါစေ သံချပ် ဘာလဲဆိုတာ သိထားရင်) ထိန်းသိမ်းဖို့ပဲ အရေးကြီးပါတယ်။ ရှေ့မှီနောက်မှီတောင် ဖြစ်သေးတယ်။

သူရိန်၊ တောင်ငူ

ဒီနှုစ်သင်္ကြန်မှာဆိုရင် အရမ်းကိုယဉ်ကျေးမှုကိုထိခိုက်စေတဲ့ အဝတ်အစားတွေ ဝတ်တာ၊ စင်ပေါ်မှာ မြန်မာ့ယဉ်ကျေးမူတောင်မရှိတော့ဘူး။ ဝတ်ထားတာတွေ ကြည့်တောင် မကြည့်ရဲ ပါဘူး။ တော်တော်ဆိုးလာတာတွေ တွေ့မြင်လာရတယ်။ နောက်ပြီး ဆိုင်းဘုက်တစ်ခုမှာတောင်တွေ့လိုက်ပါတယ်။ "မြန်မာ့ယဉ်ကျေးမှုရိုးရာအက"ဆိုပြီးရေးသားထားပါတယ်။ ဒါပေမယ့်သူတို့ "က"နေတာကတော့ရေးထားတဲ့ ဆိုင်းဘုက်နဲ့ တစ်ခြားစီဖြစ်နေတယ်။ မြန်မာယဉ်ကျေးမူနဲ့ တစ်ခုမှကိုက်ညီတာမတွေ့ပါဘူး။

မင်းထက် ရန်ကုန်

နားထောင်ပြီးတခုခု ပြောချင်ရင် ဘီဘီစီကို အီးမေးနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။ အီးမေးနဲ့ဆိုရင် burmese@bbc.co.uk ကို ရေးသားဆက်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ဖုန်းနံပါတ် ၀၀၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကို ဆက်သွယ်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ပြနလည်ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းနံပတ်တို့ကို အသံသွင်းထားခဲ့ရင် ပြန်လည်ဆက်သွယ်မှာ ဖြစ်ပါတယ်။

ဒါမှမဟုတ် အောက်ပါ ကွက်လပ်ကို ဖြည့်ပြီးတော့လည်း ပြန်ပို့နိုင်ပါတယ်။