နောက်ဆုံး ရေးသားချိန် 23 ဧပြီလ 2012 - 18:32 GMT

အန်အယ်ဒီ ကိုယ်စားလှယ်တွေ လွှတ်တော် တက်သင့် မသင့်

Parliament

ဖွဲ့စည်းပုံဥပဒေကို ထိမ်းသိမ်းကာကွယ် ပါမယ်ဆိုတဲ့ ကျမ်းကျိန်လွှာပါ စာသားကို လေးစားလိုက်နာ ပါမယ်လို့ ပြောင်းမပေး တဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အန်အယ်ဒီ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ကြသေးဘဲ ဖြစ်နေပါတယ်။

ဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အန်အယ်ဒီ ကိုယ်စားလှယ်တွေ လွှတ်တော်တက်သင့် တယ်လို့ သောတရှင်တို့ထင်ပါသလား။

လာမယ့်ဗုဒ္ဓဟူးနေ့ လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီအစဉ်မှာ ဝင်ရောက် ဆွေးနွေး ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

အရွယ်မရောက်သေးခင် အရက်သောက်ကြတဲ့ လူငယ်တွေအကြောင်းဆွေးနွေးဖို့ ပထမ ဖိတ်ခေါ်ထားခဲ့ပေမယ့် မြန်မာ့နိုင်ငံရေး နောက်ဆုံးအခြေအနေအရ သောတရှင်တို့ရဲ့ ထင်မြင်ချက်တွေကို ဆွေးနွေးနိုင်အောင် အခုလို ဆွေးနွေမယ့် ခေါင်းစဉ်ကို ပြောင်းလဲလိုက်ရတာကို တောင်းပန်အပ်ပါတယ်။

သောတရှင်တွေရဲ့ အတွေးအမြင် အယူအဆတွေကို လာမယ် ဧပြီလ ၂၅ ရက်နေ့ည လွတ်လပ်အတွေးဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဘီဘီစီကို ဖုန်းနဲ့ဖြစ်စေ burmese@bbc.co.uk ကိုအီမေးလ်နဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

တယ်လီဖုန်းနဲ့ ဆက်သွယ်မယ်ဆိုရင် ၀၀ ၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကိုအမြန်ဆက်သွယ်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာကို အသံသွင်းထားနိုင်ခဲ့သလို ပြန်လည်ဆက်သွယ်နိုင်မယ့် နံပတ်နဲ့ နိုင်ငံကို ပြောထားခဲ့ရင် ပြန်လည် ဆက်သွယ်ပါ့မယ်။

အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပေးပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။