ဆန္ဒပြယဉ်ကျေးမှုဖြစ်ပြီလား

Electricity Shortage in Yangon ဓာတ်ပုံ မူပိုင် ap
Image caption လျှပ်စစ်မီး မရတဲ့ သူတွေကလည်း လျှပ်စစ်မီး ရရှိဖို့ လိုလားချက်နဲ့ ဆန္ဒပြကြ

အထည်ချုပ်နဲ့ စက်ရုံအလုပ်ရုံတွေက အလုပ် သမားတွေဟာ လုပ်ခလစာနဲ့ ရတဲ့အခွင့်အရေး မမျှတဲ့အခါ ကိုယ့်အခွင့်အရေးအတွက် ဆန္ဒပြကြပါတယ်။ လျှပ်စစ်မီး လိုချင်တဲ့ သူတွေကလည်း မီးလာစေဖို့ ဆန္ဒပြကြပါတယ်။ အိမ် ခြံ မြေ အသိမ်းခံရတဲ့ သူတွေကလည်း ဆန္ဒပြကြပါတယ်။

ဒီတော့ ဒီမိုကရေစီခေတ်ကို သွားနေပါတယ်ဆိုတဲ့ တခါ ပြည်တွင်းပြည်ပကလည်း အပြောင်းအလဲ တွေ ဖြစ်နေပါပြီလို့ ရှုမြင်ထားတဲ့ မြန်မာနိုင်ငံမှာ ဆန္ဒပြယဉ်ကျေးမှု ထွန်းကားနေပြီလား။ ဒီ့အတွက် အကျိုးအပြစ်က ဘာတွေ ရှိပါသလဲ။

မေ ၂၃ ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တွေ ပါဝင်ဆွေးနွေးနိုင်ဖို့အတွက် ဖိတ်ခေါ်ပါတယ်။