သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆန္ဒပြယဉ်ကျေးမှု ထွန်းကားနေပြီလား။

မြန်မာနိုင်ငံမှာ အလုပ်သမားတွေက သူတို့ရတဲ့ လုပ်ခ လစာနဲ့ လုပ်ကိုင်ရတဲ့ အလုပ်ပမာဏ၊ လုပ်ငန်းခွင် အခြေအနေတွေ မမျှတတဲ့အခါ မျှတတဲ့ အခွင့်အရေးတွေ ရနိုင်ဖို့ ဆန္ဒပြကြပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption လျှပ်စစ်မီး လုံလောက်အောင် မရကြလို့ ရန်ကုန်လူထုက ငြိမ်းချမ်းစွာ ဆန္ဒပြ

လယ်သမားတွေ၊ ခြံသမားတွေနဲ့ အိမ်ရာတွေ ရွှေ့ပြောင်း ဖယ်ရှား၊ အသိမ်းခံရ သူတွေကလည်း အိမ်၊ ရာ၊ ခြံမြေတွေ ပြန်ရစေဖို့ ဆန္ဒပြကြ ပါတယ်။ အခုနောက်ဆုံး အဖြစ်အပျက် ကတော့ မြန်မာနိုင်ငံက မြို့ကြီးတွေမှာ လျှပ်စစ်မီးတွေက ဘယ်လိုမှ မရလို့၊ တခါ ရတဲ့ ပမဏက နည်းလွန်းအား ကြီးလို့ ဆန္ဒပြကြ ပါတယ်။

ဒီတော့ ဒီမိုကရေစီခေတ်ကို သွားနေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ ဆန္ဒပြယဉ်ကျေးမှုက ထွန်းကားနေပြီလား၊ ခေတ်စားလာပြီလား၊ အကျိုးအပြစ်က ဘာတွေ ရှိနိုင်မလဲဆိုတဲ့ အကြောင်းတွေကို ဒီတပတ် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ဆွေးနွေးထားကြပါတယ်။

ဘီဘီစီ သောတရှင်တွေ၊ ဘီဘီစီ ပရိသတ်တွေနဲ့အတူ အလုပ်သမားအရေး၊ မြေသိမ်းခံ လယ်သမားတွေအရေးကို နိုင်သလောက် ကူညီဆောင်ရွက်ပေးနေတဲ့ ဥပဒေ အကြံပေး ကိုဖိုးဖြူနဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဉီးဖြစ်တဲ့ ကိုဌေးကြွယ်တို့က ဉီးဆောင်လို့ ပါဝင်ဆွေးနွေး ထားကြပါတယ်။