ပြန်လာဖို့ ခေါ်ပေမယ့် မပြန်ကြတာ ဘာကြောင့်လဲ?

President Thein Sein ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံတကာက ခေါင်းဆောင်တွေကို ကြိုသလို ပြည်ပနေမြန်မာတွေကိုလည်း လာဖို့ခေါ်တယ်

နိုင်ငံတည်ဆောက်ရေးအတွက် ပညာရှင်တွေ အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်နေတဲ့ မြန်မာတွေ ပြန်လာကြဖို့ သမ္မတ ဉီးသိန်းစိန်က မကြာခင်က ထပ်မံခေါ်ဆို လိုက်ပါတယ်။

တခါ အစိုးရ သတင်းစာကလည်း မြန်မာတွေ ပြန်လာကြဖို့ ရေးပါတယ်။

ဒါပေမဲ့လို့ အနည်းအကျဉ်းကလွဲလို့ ပြည်ပနေ မြန်မာတွေ အုံနဲ့ကျင်းနဲ့ မပြန်ကြတာ ဘာကြောင့်ပါလဲ။

အစိုးရအနေနဲ့ ဘာတွေ ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ လိုနေပါသလဲ။

မေ ၃၀၊ ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တွေ ကိုယ်တိုင် ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။