ဟေတီမှာ မက်သယူးမုန်တိုင်းကြောင့် လူ၄၇၀ကျော်သေဆုံး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဟေတီမှာ ဟာရီကိန်းမက်သယူးကြောင့် လူ၄၇၀ကျော်သေဆုံး

  • 7 အောက်တိုဘာ 2016

ဟေတီနိုင်ငံမှာ လူရာချီသေဆုံးခဲ့ရတဲ့ ဟာရီကိန်းမက်သယူးဟာ အခုတော့ အမေရိကန်ဖလော်ရီဒါပြည်နယ်ကို ဦးတည်သွားနေပါပြီ။

အခုဆို အဲဒီမှာ အရေးပေါ်အခြေအနေကို ကြေညာထားရပါတယ်။ ကမ်းခြေမြို့တွေဆိုးဆိုးရွားရွားရေကြီးမှာဖြစ်တဲ့အတွက် အဲဒီကလူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ နှိုးဆော်ထားပါတယ်။ ဟေတီမှာ အခုဆို မုန်တိုင်းကြောင့် လူ ၄၇၀ကျော်သေဆုံးခဲ့ပြီး နောက်ထပ်သေဆုံးဦးရေတိုးနိုင်တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ကိုအောင်သွင်ကပြောပြမှာပါ။