လွတ်လပ်အတွေးဆွေးနွေးဖလှယ် - ပန်းခြံ ကစားကွင်း ပြန်ရရေး - နားဆင်ပါ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - ပန်းခြံ ကစားကွင်း ပြန်ရရေး - နားဆင်ပါ

  • 12 အောက်တိုဘာ 2016

နားဆင်နိုင်ပါပြီ။

အများပြည်သူ နဲ့သက်ဆိုင်တဲ့ အပန်းဖြေ နေရာတွေ ကလေး ကစားကွင်း တွေကို အရင် အစိုးရ လက်ထက်တုန်းက ကုမ္ပဏီ တွေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင် တွေကို လွှဲပြောင်း ပေးအပ် ရောင်းချ ခဲ့တာတွေ ပြုလုပ်ခဲ့ ပါတယ်။

အခု အရပ်သား အစိုးရသစ် တက်လာတဲ့ အချိန်မှာ အရင်ကလိုမျိုး ရောင်းချတာတွေ မဖြစ် ရအောင် ဘယ်လို တားဆီး ဆောင်ရွက်ဖို့ရှိ ပါလဲ။

တခါ အရင်အစိုးရ လက်ထက်က ပေးထားတဲ့ အများပိုင် နေရာ ကိစ္စတွေကိုလည်း အခု ဘယ်လို ဖြေရှင်းပေးနိုင်မှာပါလဲ။

စတာတွေကို သောတရှင်တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ပင်တိုင် ဆွေးနွေးသူတွေ အဖြစ် ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီ သတင်းထောက်ချုပ် ဉီးစောသိန်းဝင်း နဲ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးတို့ ပါဝင်ခဲ့ကြပါတယ်။

ဝင်ရောက် ဆွေးနွေးသူ အားလုံးကို အထူး ကျေးဇူးတင်ရှိသလို၊ အချိန် အတိုင်းအတာ ကြောင့် မပါလိုက်ရသူ များကိုလည်း တောင်းပန်အပ်ပါတယ်။