ထိုင်းဘုရင် ဘူမိဘော နတ်ရွာစံ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ထိုင်းဘုရင် ဘူမိဘော နတ်ရွာစံ

  • 13 အောက်တိုဘာ 2016

ကမ္ဘာပေါ်မှာ နန်းသက်အရှည်ဆုံး ထိုင်းဘုရင် ဘူမိဘော အဒူယာဒက် နတ်ရွာစံသွားပြီလို့ ထိုင်းဘုရင် နန်းတော်ကနေ ကြေညာခဲ့ပါတယ်။

ထိုင်းဘုရင်မင်းမြတ်ဟာ ဒေသစံတော်ချိန် ညနေ ၃နာရီ ၅၂မှာ နတ်ရွာစံသွားခဲ့တာ ဖြစ်ပါတယ်။

ဘုရင်ကြီးဟာ နှစ်ပေါင်းတော်တော်ကြာ နာမကျန်း ဖြစ်နေခဲ့ပြီး ဒီရက်ပိုင်းတွေမှာ ကျန်းမာရေး အခြေအနေ တဖြည်းဖြည်း ဆိုးရွားလာတာ ဖြစ်ပါတယ်။

သက်တော် ၈၉ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်ကြီးဟာ ၁၉၄၆ ခုနှစ်မှာ ထီးနန်း စတင် စိုးစံခဲ့တာပါ။

ပြည်သူတွေ လေးစားချစ်ခင်တဲ့ ထိုင်းဘုရင်ကြီး သက်ရှိ ထင်ရှားရှိစဉ်က အကြောင်းတွေကို ကိုကျော်ဇေယျက ပြန်လည် တင်ဆက်ထားပါတယ်။