မိုဆူးလ်မြို့အနီး ရှေ့တန်းက သတင်းပေးပို့ချက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဆူးလ်မြို့အနီး ရှေ့တန်းက သတင်းပေးပို့ချက်

  • 18 အောက်တိုဘာ 2016

အီရတ်နိုင်ငံက မိုဆူးလ်မြို့ကို IS အစ္စလာမ္မစ်တွေ လက်ကနေ ပြန်ရဖို့ အီရတ် တပ်ဖွဲ့တွေနဲ့အတူ မဟာမိတ် တပ်တွေက ဒုတိယမြောက် နေ့အဖြစ် ဆက်လက် ထိုးစစ်ဆင်နေပါတယ်။

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ကတော့ ထိုးစစ်တွေဟာ ရည်မှန်းထားတာထက်တောင် ပိုရှေ့ရောက်နေတယ်လို့ ပြောပါတယ်။

အဲဒီ ရှေ့တန်း တစ်နေရာက အီရတ် တပ်ဖွဲ့တွေနဲ့အတူ ဘီဘီစီရဲ့ သတင်းပေးပို့ချက်တွေကို ရှုစားရအောင်ပါ။

ကိုအောင်သွင်က ပြောပြထားပါတယ်။