aaa
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကူးလ်တက် - အနာဂတ် စက်တပ်လူသား

  • 24 အောက်တိုဘာ 2016

နားဆင်နိုင်ပါပြီ။

မသန်စွမ်းတွေကို စက်တွေ တပ်ဆင်ပြီး ယှဉ်ပြိုင် ကြတဲ့ Cybathlon ဆိုက်ဘက်လွန် ဆိုတဲ့ ကမ္ဘာ့ ပထမဦးဆုံး ပြိုင်ပွဲကြီး အကြောင်း တင်ဆက် ပေးထားပါတယ်။

ခြေတု လက်တုတွေ ဘီးတပ် ကုလားထိုင် တွေကို အဆင့်မြင့် ကွန်ပျူတာ နည်းပညာ စက်တွေနဲ့ လုပ်ထားပြီး မသန်းစွမ်း တွေက အဲဒါတွေ တပ်ဆင်ကာ ယှဉ်ပြိုင်ကြတဲ့ ကမ္ဘာ့ ပထမဆုံး ဘိုင်ရောနစ် အိုလံပစ် ပွဲကြီးလည်း ဖြစ်ပါတယ်။

ဆွစ်ဇာလန် နိုင်ငံ ဆူရစ် မြို့ ( အီးတီအိပ်ချ် ဇူးရစ်) သိပ္ပံ သင်္ချာနဲ့ နည်းပညာ တက္ကသိုလ် ကြီးက ကြီးမှူး ကျင်းပတဲ့ ပွဲကြီးပါ။

ဒီတက္ကသိုလ် ဟာ ကမ္ဘာ့ ကျော် သိပ်ပညာရှင် တဦး ဖြစ်တဲ့ အဲလ်ဘတ် အိုင်ရင်းစတိုင်း တက်ရောက် ပညာသင်ကြား ခဲ့တဲ့ ကျောင်းကြီး ဖြစ်သလို အဲဒီက နေ သိပ္ပံနဲ့ နည်းပညာ ဆိုင်ရာ နိုဘဲလ်ဆု အမြောက် အမြားကို ဆွတ်ခူး ခဲ့ဖူးပါတယ်။

လာကြည့်သူ ပရိသတ် ၄၆၀၀ နီးပါး ရှိပြီး၊ ကမ္ဘာ့ နိုင်ငံ အသီးသီးက ပြိုင်ပွဲဝင် အသင်းပေါင်း ၆၆ သင်းပါဝင် ယှဉ်ပြိုင် ခဲ့ကြ တာပါ။

ပြိင်ပွဲဝင် အားကစား အမျိုး အစား ကတော့ ၆ မျိုးဖြစ်ပါတယ်။

ဒီပွဲကနေ အနာဂတ်မှာ စက်တပ် လူသားတွေကို ဖန်တီး ပေးနိုင်တော့မလား။ ကိုသက်ထွေးနိုင် စီစဉ် တင်ဆက်ထား တာကို နားဆင်ကြည့်ပါ။