မိုလ်ဆူးမြို့ကို အစိုးရတပ်တွေကပ်လာနေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုလ်ဆူးမြို့ကို အစိုးရတပ်တွေကပ်လာနေ

  • 1 နိုဝင်ဘာ 2016

အီရတ်အထူးတပ်ဖွဲ့တွေက မိုဆူးလ်မြို့ဆင်ခြေပုန်းကို ဝင်ရောက်နိုင်ခဲ့ပြီလို့ ပြောပါတယ်။

ဒါဟာ လွန်ခဲ့တဲ့၂ နှစ် အစ္စလာမ်မစ်နိုင်ငံအဖွဲ့က မြို့ကို သိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ဝင်ရောက်နိုင်ခြင်းလည်း ဖြစ်ပါတယ်။

အဲဒီက အရပ်သား ပြည်သူတချို့က အလံဖြူတွေ ထောင်ပြခဲ့ကြသလို တချို့ကလည်း ဘေးလွတ်ရာကို ရှောင်ပြေးနေကြပါတယ်။

အစောပိုင်းတုန်းကတော့ အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအဲလ်အဘာဒီက စစ်သွေးကြွတွေပြေးစရာ မြေမရှိတော့ဘူးလို့ ပြောလိုက်ပါတယ်။

အဲဒီက အီရတ်အထူးတပ်ဖွဲ့တွေနဲ့အတူ လိုက်ပါသတင်းယူခဲ့တဲ့ ဘီဘီစီ သတင်းထောက် အီယံ ပဲန်နယ်လ်ရဲ့သတင်းကို ဦးဘမော်က ပြန်ပြောပြမှာပါ။