ေေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

  • 5 နိုဝင်ဘာ 2016

နားဆင်နိုင်ပါပြီ။

ဦးဆောင် ဆွေးနွေးသူများ -

ဒေါ်ပြုံးကေသီနိုင် - ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင်… ကလောမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

ကိုအားမာန် - ဆဲဗဲန်းဒေး သတင်း ဂျာနယ် ဒု အယ်ဒီတာချုပ်

ဦးလှဆွေ (ဘူးလက် လှဆွေ - အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဟောင်း)

အမေရိကန် သမိုင်းမှာ အကြိတ် အနယ် အရှိဆုံး ယှဉ်ပြိုင် ရမယ့် ဒီ သမ္မတ ရွေးကောက်ပွဲ အပေါ် မြန်မာပြည်သားတွေ ဘယ်လောက် အတိုင်း အတာ အထိ စိတ်ဝင်စားကြပြီး ဘာကြောင့် စိတ်ဝင်စား တစား ရှိကြ သလဲ ဆိုတာ သောတရှင်တို့ ကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီမိုကရက် ဘက်က ဝါရင့် နိုင်ငံရေး သမား ဟီလာရီ ကလင်တန်နဲ့ ရီပါတ်ဘလီကန် ဘက်က စီးပွားရေးသမား ဘီလျံနာ သူဌေးကြီး ဒေါ်နယ် ထရမ့်တို့ အကြား စကား စစ်ထိုး စည်းရုံးမှုတွေဟာ မယုံနိုင်လောက်အောင် တိုက်ခိုက် ထိုးနှက်မှုတွေ၊ တယောက်ကို တယောက် သိက္ခာကို ထိုခိုက်စေတဲ့ အသုံးနှုန်းတွေနဲ့ ပြည့်နှက် နေခဲ့တာပါ။

ဒါကို တ ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေး ပွဲမှာ ပါဝင်ခဲ့သူ အားလုံးကို အထူးကျေးဇူး တင်ပါတယ်။