အမေရိကန် သမ္မလောင်းတွေ မဲဆွယ်မှု နောက်ဆုံးနေ့
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန် သမ္မလောင်းတွေ မဲဆွယ်မှု နောက်ဆုံးနေ့

  • 7 နိုဝင်ဘာ 2016

အမေရိကန် ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲအတွက် လပေါင်းများစွာ အပြိုင်အဆိုင် မဲဆွယ် စည်းရုံးခဲ့ကြတာတွေရဲ့ နောက်ဆုံးရက်ကို ရောက်လာပါပြီ။

ဒီမိုကရက် သမ္မတလောင်း ဟီလာရီ ကလင်တန်နဲ့ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်တို့ နှစ်ဦးအနက် ဘယ်သူ သမ္မတ ဖြစ်မလဲ ဆိုတာ မနက်ဖြန် အင်္ဂါနေ့မှာ မဲပေး ရွေးချယ်ကြတော့မှာပါ။

မနေ့ညကတော့ ဟီလာရီ ကလင်တန်ရဲ့ အီးမေးလ် အရှုပ်တော်ပုံနဲ့ ပတ်သက်လို့ အက်ဖ်ဘီအိုင်က မသင်္ကာစရာ မတွေ့ရကြောင်း ထုတ်ဖော် ပြောခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် ကတော့ ဒါဟာ မစ္စက် ကလင်တန်ကို တမင် ကာကွယ်ပေးနေတာကို ပြသလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ကိုဇေယျာက ပြောပြထားပါတယ်။